La Tahzan: Cinta, Dosa, Luka... HD

La Tahzan: Cinta, Dosa, Luka...

Drama Romance HD 2025-08-14 7.1 139 Min

Norma တို့၊ Ipar Adalah Maut တို့လိုအိမ်ထောင်ရေးဖောက်ပြန်မှုဇာတ်ကားတွေ ဆက်တိုက်အောင်မြင်ပြီးတဲ့နောက်အလောင်တစ်လိုင်းဘက်ကို ခြေဦးလှည့်လာတဲ့အင်ဒိုနီးရှားတို့ရဲ့နောက်ထပ်အလောင်ဇာတ်ကားတစ်ကားပါ။ ဇာတ်လမ်းကတော့အာလီနာနဲ့ရီဇာတို့ဟာ ရင်သွေးလေးနှစ်ယောက်နဲ့အတူ ပျော်စရာအိမ်ထောင်ရေးကိုထူထောင်ထားနိုင်ကြပြီး သူတို့အိမ်ထောင်ရေးကိုသူတို့အချစ်ကို ဘယ်လိုအရာဘယ်သူကမှ ဖျက်ဆီးလို့မရနိုင်ဘူးလို့ယုံမှတ်ထားကြသူတွေဖြစ်ပါတယ်။ အာလီနာကတော့ အောင်မြင်တဲ့အွန်လိုင်းရှော့ပင်းလုပ်ငန်းတစ်ခုကို ဦးဆောင်ပြီး လူမှုရေးဘာသာရေးမှာလည်းတက်တက်ကြွကြွပါဝင်တတ်သူဖြစ်တဲ့အတွက် အိမ်မကပ်ရစတမ်းခရီးတွေထွက်နေရလေ့ရှိပါတယ်။ အဲ့ဒီအချိန်မှာပဲ သူတို့ရဲ့အိမ်ထောင်ရေးသုခနဲ့ပျော်ရွှင်မှုအလုံးစုံကိုဖျက်ဆီးမယ့်အရာဟာ ကလေးထိန်းအမျိုးသမီးအသွင်နဲ့အိမ်ပေါ်ကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာခဲ့ပြီး အာလီနာ့အလစ်မှာခြေလှမ်းသွက်သွက်နဲ့ ရီဇာကို ချဉ်းကပ်ပါတော့တယ်။ မာယာများသလို အလှကြီးလှတဲ့ လူတွေရဲ့အထာတွေ အကြောတွေကိုလည်းသိပ်နပ်တဲ့ ဒီအမျိုးသမီးရဲ့လက်ကနေရီဇာတစ်ယောက်လွတ်အောင်ရုန်းနိုင်ပါ့မလား? အာလီနာကရော အချိန်မှီတားနိုင်ပါ့မလား? ဆက်လက်ရှုစားကြပါ။ မာယာရှင်မိန်းမလှလေးအဖြစ် How to Survive a Marriage? ထဲက ထူးခြားတဲ့အလှပိုင်ရှင် Ariel Tatum ကဦးဆောင်ပါဝင်ထားပါတယ်။