၂၀၂၀က ထွက်ရှိခဲ့တဲ့ Raat Akeli Hai (2020)ရဲ့ နောက်ဆက်တွဲရုပ်ရှင်ဖြစ်ပြီး Netflixကနေလောလောလတ်လတ် ထုတ်လွှင့်ခဲ့တဲ့ မင်းသားကြီးနဝါ့ဇ်ရဲ့ သည်းထိတ်ရင်ဖို မှုခင်းရုပ်ရှင်ကိုတင်ဆက်ပေးလိုက်ပါတယ်။အိန္ဒိယနိုင်ငံရဲ့ ဩဇာကြီးမားလှတဲ့ မီဒီယာလုပ်ငန်းရှင်၊ စက်မှုလုပ်ငန်းရှင်တွေဖြစ်တဲ့ ဘန်ဆယ်မိသားစုကသူတို့စံအိမ်မှာပဲ အစုလိုက်အပြုံလိုက် ရက်ရက်စက်စက်သ-တ်ဖြတ်ခံလိုက်ရပါတယ်။တရားခံကို အလွယ်တကူဖော်ထုတ်နိုင်ခဲ့ပေမယ့် အရာရာထောင့်စေ့အောင် ရှာဖွေဖော်ထုတ်တတ်တဲ့အင်စပက်တာယာဒေ့ဗ်က တရားခံအစစ်လို့ မယုံကြည်တာကြောင့် တစတစတူးဖော်ကြည့်မိတဲ့အခါ။မိသားစုထဲက ရှင်ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တချို့က တရားခံဖြစ်နေမလားဆိုတဲ့သံသယဖြစ်စရာ သဲလွန်စတွေ ပေါ်လာတဲ့အခါမှာတော့...။