Kona HD

Kona

Horror HD 2025-10-31 8.3 132 Min

အယူသည်းမှုတွေနဲ့အတူ သည်းထိတ်ရင်ဖို၊ အချစ်ဟာသ အချိုးညီညီပေါင်းစပ်ထားတဲ့ ကန်နာဒါစကားပြောအိန္ဒိယရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။၁၉ရာစုအစောပိုင်းကာလ တိုင်းတပါးသားတွေ နယ်မြေကျူးကျော်လာမဲ့ရန်ကြောင့်နယ်မြေကိုကာကွယ်ဖို့ အောက်လမ်းအစီအရင်တွေနဲ့ ဖန်တီးခဲ့တဲ့အရုပ်ကြီးက လက်ရှိကာလရွာတစ်ရွာမှာ ပြန်လည်ပေါ်ထွန်းလာခဲ့ပါတယ်။သွေးအင်မတန်ဆာလောင်တဲ့ ဒီအရုပ်ကြီးရဲ့ ဘေးရန်ကင်းစေဖို့ နှစ်စဉ်ရွာဘုရားပွဲမှာကျွဲကိုခေါင်းဖြတ်ပြီး ယဇ်ပူဇော်လေ့ရှိပေမဲ့ ဒီဓလေ့ကို ရဲအမိန့်နဲ့ တားမြစ်ထားခဲ့ပါတယ်။ဒါပေမဲ့လည်း ရဲတပ်ဖွဲ့မသိအောင် ဒီရိုးရာကို မဖြစ်မနေလုပ်ဖို့ ရွာလူကြီးမိသားစုက ကြိုးစားတဲ့အခါ...။အဲဒီရွာကိုပဲ ကပေါက်တိကပေါက်ချာနဲ့ တလွဲကိုယ်ဆီလုပ်တတ်ကြတဲ့ ဇာတ်အဖွဲ့ရောက်ရှိလာတဲ့အခါမှာတော့...။