ဇနီးဖြစ်သူဆုံးပါးပြီးနောက်ပိုင်း ၉ နှစ်သမီးလေးနဲ့အတူ နှစ်ယောက်တည်းကျန်ခဲ့တဲ့ ဖခင်တစ်ဦးဟာ သူ့သမီးကို ကလေးသူငယ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကနေ ခေါ်သွားမှာစိုးပြီးဒုစရိုက်များတဲ့ပတ်ဝန်းကျင်မှာ ထောက်ပံ့ပေးနိုင်ဖို့ကြိုးစားခဲ့ရပါတယ်။ ပတ်ဝန်းကျင်ကလည်း ပညာတတ်တစ်ယောက်လည်းမဟုတ်တဲ့သူဖြစ်တဲ့အတွက် လမ်းဘေးဂိုဏ်းအဖွဲ့တွေနဲ့ပေါင်းပြီး ပိုက်ဆံပတ်လိမ်နေရာကနေ တစ်နေ့မှာလူကုန်ကူးတဲ့ဒုစရိုက်အဖွဲ့ကိုရောက်သွားပါတယ်။ အစကတော့ သမီးလေးကိုပံ့ပိုးပေးနိုင်ဖို့အတွက် အကြွေးပြန်ဆပ်ဖို့ပဲလုပ်ခဲ့တာဆိုပေမယ့် သူ့ကို လူကုန်ကူးဂိုဏ်းခေါင်းဆောင်ကနေ သူ့ကိုအကြွေးနွံထဲနစ်အောင် ချောက်ချခဲ့ပါတယ်။ ဒီလိုနဲ့ ဖခင်ဖြစ်သူဟာ အကြွေးမဆပ်နိုင်တော့တဲ့အခါမှာ လူကုန်ကူးဂိုဏ်းကနေ သူ့အကြွေးတွေကိုလျှော်ပေးရမယ်ဆိုရင် အမျိုးသမီးငယ်သုံးယောက်ကို လိင်လုပ်သားအဖြစ် သိမ်းသွင်းဖို့အတွက်ခိုင်းခဲ့ပါတယ်။ ဒီလိုနဲ့ လောကဓံရဲ့အပြင်းထန်ဆုံးအချိန်နဲ့ ကြုံတွေ့လာရတဲ့အချိန်မှာ ဖခင်ဖြစ်သူဟာလည်း သမီးဖြစ်သူနဲ့အတူနေချင်တဲ့ဇောနဲ့ ဒုစရိုက်လုပ်ဖို့ ရွေးချယ်ရာကနေ ဒီဇာတ်လမ်းကဇာတ်အိမ်တည်လာပါတော့တယ်။