ကမ္ဘာကြီးဟာ လေထုညစ်ညမ်းမှုတွေကြောင့် လူတွေ နေထိုင်လိုမရတော့တဲ့ အခြေအနေ ရောက်သွားတဲ့အခါ လူအများစုဟာ ဂျူပီတာဂြိုဟ်ရဲ့လတစ်စင်းဖြစ်တဲ့ "IO" ဆီကို ပြောင်းရွှေ့သွားကြပါတယ်။ ဒါပေမဲ့ ဆမ်ဆိုတဲ့ သိပ္ပံပညာရှင်ကောင်မလေးကတော့ ကမ္ဘာမြေကြီးပြန်လည်ရှင်သန်လာနိုင်မယ့် နည်းလမ်းကိုရှာဖွေရင်ကျန်ရစ်ခဲ့ပါတယ်။တစ်နေ့မှာတော့ မိုက်ကာဆိုတဲ့ မိုးပျံပူဖောင်းနဲ့ ခရီးသွားနေသူတစ်ယောက် ရောက်ရှိလာပါတယ်။မိုက်ကာကတော့ ဆမ်နဲ့ဆန့်ကျင်ဘက်ပါပဲ။ သူက ကမ္ဘာကြီး ပျက်စီးသွားပြီလို့ လက်ခံထားပြီး IO ဆီကိုသွားမယ့် နောက်ဆုံး ထွက်ခွာမယ့် အာကာသယာဉ် Exodus ကို မီအောင်လိုက်ဖို့ကြိုးစားနေသူဖြစ်ပါတယ်။ကမ္ဘာမြေကို ပြန်လည်ကုစားချင်တဲ့သူနဲ့ ကမ္ဘာမြေကို စွန့်ခွာချင်တဲ့သူ... သူတို့နှစ်ယောက်ကြားက သံယောဇဉ်၊ အတွေးအခေါ်တွေနဲ့အတူ နောက်ဆုံးမှာ ဘယ်လမ်းကို ရွေးချယ်ကြမလဲဆိုတာကို Sci-Fi Romance Vibe လေးနဲ့ အေးအေးဆေးဆေး ခံစားကြည့်ရှုရမယ့်ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။