The Pact HD

The Pact

Horror Thriller Mystery HD 2012-05-25 5.658 89 Min

Arrowverse မှာ Sara Lance အဖြစ်ပါဝင်ခဲ့ပြီး ဒီက ပရိသတ်တွေနဲ့မစိမ်းတဲ့ မမ Caity Lotz ရဲ့ဟော်ရာဇာတ်ကားပါ။အန်နီနဲ့နစ်ကိုးလ်တို့ဟာတစ်ယောက်တစ်နေရာဆီနေထိုင်တဲ့ ညီအစ်မတွေဖြစ်ပြီးအခုတော့ သူတို့မိခင်ရဲ့ဈာပနအတွက်ဆုံဖို့ဖြစ်လာပါတယ်။ ဒါပေမယ့် အန်နီရောက်မလာသေးခင်နစ်ကိုးလ်တစ်ယောက်သူတို့မိခင် အိမ်ကနေအစအနရှာမရအောင်ပျောက်ဆုံးသွားခဲ့ပြီးအန်နီကိုယ်တိုင်ရောက်လာချိန်မှာလည်း ပရလောကသားတစ်ဦးရဲ့အကြမ်းပတမ်းခြောက်လှန့်မှုကြောင့်တူမလေးကိုခေါ်‌ပြီး ညသန်းခေါင် အိမ်ကနေထွက်ပြေးရတဲ့အထိဖြစ်ခဲ့ပါတယ်။  အန်နီတစ်ယောက် သူ့အစ်မတွေရဲ့ပျောက်ဆုံးမှုကိုဖြစ်တဲ့နည်းနဲ့ဖော်ထုတ်ဖို့ဆုံးဖြတ်လိုက်ပြီး ရေဆုံးရေဖျားလိုက်စုံစမ်းချိန်မှာတော့ကြောက်စရာကောင်းတဲ့လျှို့ဝှက်ချက်တွေနဲ့အတူသူကိုယ်တိုင်အသက်လုရုန်းကန်ဖို့ဖြစ်လာပါတော့တယ်။ ဇာတ်လမ်းရော လှည့်ကွက်ပါမိုက်ပြီး အစကနေ အဆုံးထိမထတမ်းဆွဲဆောင်နိုင်တဲ့ဟော်ရာကားကောင်းဖြစ်ပါတယ်။