ဇာတ်လမ်းလေးကတော့ သူဌေးကြီးလာရာဘီမိသားစုရဲ့ ခြံဝင်းကြီးထဲမှာနေထိုင်တဲ့ ယာဉ်မောင်းရဲ့ သမီးလေး ဆဘရီးနားဟာ လာရာဘီမိသားစုရဲ့ အငယ်ကောင် ဒေးဗစ်ကို ငယ်စဉ်ကတည်းက စွဲလမ်းပြီး တစ်ဖက်သတ်ချစ်နေခဲ့တာပါ။ ဒါပေမဲ့ ပွေရှုပ်တတ်တဲ့ သူဌေးသားလေး ဒေးဗစ်ကတော့ သာမန်ကောင်မလေးဆဘရီးနားကို သတိတောင် မထားမိခဲ့ပါဘူး။ ဆဘရီးနားဟာ ဒေးဗစ်ကို စွဲလမ်းလွန်းနေတာကြောင့်ပဲဆဘရီးနားရဲ့ မိဘတွေဟာ ဆဘရီးနားကို ပဲရစ်မြို့ကိုသွားပြီး Vogue မဂ္ဂဇင်းမှာ အလုပ်သင်အဖြစ် သွားလုပ်ခိုင်းပါတော့တယ်။ ပဲရစ်ကိုရောက်ပြီးနောက်ပိုင်း ရုပ်ရည်ရော အနေအထိုင်ပါ လှပပြီး ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတစ်ယောက်ငယ်လေးအဖြစ် ပြောင်းလဲသွားခဲ့တဲ့ ဆဘရီးနားတစ်ယောက် ပဲရစ်ကနေ အိမ်ကို ပြန်ရောက်ရောက်ချင်းမှာပဲ ဒေးဗစ်နဲ့ ပြန်တွေ့ကြပါတော့တယ်။ ဒါပေမဲ့လည်း ဒေးဗစ်ဟာ နာမည်ကြီး ဘီလျံချီတန်တဲ့ တိုင်ဆင်ကုမ္ပဏီရဲ့ သမီးနဲ့စေ့စပ်ထားပြီးသားဖြစ်သလို စီးပွားရေးသမားတွေ ပေါင်းဖက်တဲ့ စီစဥ်မှုဖြစ်တဲ့အလျောက်သူတို့ရဲ့ အချစ်လမ်းက ဖြောင့်ဖြူးပါ့မလား... ကုမ္ပဏီကို ဦးစီးနေရတဲ့ ဒေးဗစ်ရဲ့ အကိုကြီး လိုင်းနပ်စ်ကရော ဒေးဗစ်နဲ့ ဆဘရီးနားကို လွယ်လွယ် လက်ခံပါ့မလား.... ဆိုတာကတော့ ဆက်လက်ကြည့်ရှုခံစားလိုက်ပါဗျာ။