Monkey Twins HD

Monkey Twins

Action HD 2016-02-25 7 107 Min

ဒီဇာတ်ကားလေးက အက်ရှင်–ဒရာမာဇာတ်လမ်းတစ်ခု ဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ လွှမ်းမိုးချုပ်ကိုင်မှုတွေ ထိုင်းရာဇဝင် လက်ဝှေ့ကကွက်တွေ တရုတ်အော်ပရာတွေကိုပေါင်းစပ်ပြထားတဲ့ ဇာတ်လမ်းပါပဲ....."နေး" ဆိုတဲ့ လူငယ်တိုက်ခိုက်ရေးသမားတစ်ယောက်ဟာ ဟာနုမာန် မျက်နှာဖုံးကို ဝတ်ဆင်ပြီး ဖျော်ဖြေနေတဲ့သူပါ... သူရရှိထားတဲ့ အတတ်ပညာတွေကတော့ အဖိုး ကလ ထံမှလက်ဆင့်ကမ်းလာတာဖြစ်ပြီး မိသားစုရဲ့ စားဝတ်နေရေးအတွက် ဟာနုမာန်မျက်နှာဖုံးပြဇာတ်နဲ့ မျောက်ဇာတ်လမ်းပြဇာတ် တွေကို လုပ်ခဲ့တာပါ...တချိန်တည်းမှာပဲ သူ့ကို ရှင်းပစ်ချင်တဲ့ " ဆိုလ်" ဆိုတဲ့ ရန်သူတစ်ယောက်ရဲ့ လက်စားချေလိုက်လံဖမ်းဆီးမှုကိုလည်း ရင်ဆိုင်ကြုံတွေ့​နေရပါ​​သေးတယ်...... "နေး" ချစ်ရတဲ့မိန်းကလေးအသတ်ခံရတာနဲ့ပတ်သက်ပြီး "ဆိုလ်" ကအခွင့်ကောင်းယူကာ " နေး" ကို အပြစ်ပုံချပြီး စွပ်စွဲခဲ့လို့ အမှုရင်ဆိုင်နေရတာပါ...တနေ့မှာ တိုက်ခိုက်မှုကျွမ်းကျင်တဲ့ "လင်းယဥ်" နဲ့ " နေး" တို တွေ့ဆုံခဲ့ကြတဲ့အခါမှာတော့.... နှစ်ယောက်သား ပူးပေါင်းပြီး ရန်သူတွေကို ဘယ်လိုအနိုင်ယူကြမလဲ.... "နေး" တစ်ယောက် အမှုမှန်ကို ဘယ်လိုဖော်ထုတ်မလဲဆိုတာ... ဒီဇာတ်ကားထဲမှာ ​​မွေထိုင်းပြကွက်အပြင် ပြဇာတ်ရဲ့ဖျော်ဖြေမှုတွေနဲ့အတူ တိုက်ရေးခိုက်ရေးတွေကိုပါ ကြည့်ရမှာဖြစ်လို လက်မလွှတ်ဘဲ ကြည့်သင့်ပါကြောင်း....