ဒီဇာတ်ကားလေးမှာ "The God of Father" က နာမည်ကြီးမင်းသားဖြစ်တဲ့ မာလွန်ဘရန်ဒို ဟာ ဟောလိဝုဒ်ရဲ့ ရှုပ်ထွေးလှတဲ့ဘဝကနေ ရုန်းထွက်ပြီး သူရဲ့သီးသန့်ကမ္ဘာလေးဖြစ်တဲ့ တဟီတီဆိုတဲ့ ကျွန်းတစ်ကျွန်းမှာကမ္ဘာ့ပထမဆုံး သဘာဝပတ်ဝန်းကျင်နဲ့ လုံးဝကိုက်ညီတဲ့ အပန်းဖြေစခန်းတစ်ခု တည်ဆောက်ဖို့ လော့စ်အိန်ဂျလိစ်မြို့က ဗိသုကာပညာရှင် ဘားနက်ခ်ဂျက်ကို ဆွဲဆောင်ခဲ့ပါတယ်။ ဂျက်ခ်ဟာ အစပိုင်းမှာစိတ်မဝင်စားပေမယ့် တဟီတီကျွန်းရဲ့အလှအပကြောင့်သူ့ရဲ့ သာမန်မြို့သားကြီးဘဝကနေ ရုန်းထွက်ပြီး ဘရန်ဒိုနဲ့အတူတူ စိတ်ကူးယဥ်အိပ်မက်နောက်ကိုလိုက်ခဲ့ပါတော့တယ်။ ဘရန်ဒို ရဲ့ စိတ်ကူးယဉ်ဆန်မှုတွေနဲ့ ဂျက်ခ် ရဲ့ လက်တွေ့ကျမှုတွေကြားက သူငယ်ချင်းသံယောဇဉ်၊ တဟီတီကျွန်းရဲ့ အလှအပတွေ၊ သူတို့နှစ်ယောက်ရဲ့ မတူညီတဲ့ အတွေးအခေါ်တွေ၊ စိတ်ကူးအိပ်မက်တွေနဲ့ လက်တွေ့ဘဝကြားက ပဋိပက္ခတွေရယ်နဲ့ သူတို့အိပ်မက်ကရောအကောင်ထည်ပေါ်လာပါ့မလားဆိုတာကတော့ ဆက်လက်ကြည့်ရှုခံစားလိုက်ပါ။