The Great Shamsuddin Family HD

The Great Shamsuddin Family

Comedy Drama HD 2025-12-12 8.3 97 Min

အမေရိကန်က တက္ကသိုလ်တစ်ခုမှာ အလုပ်လျှောက်ဖို့ သတ်မှတ်ချိန် ၁၂နာရီအတွင်းမှာအသည်းအသန်ကြိုးစားနေရတဲ့ ဘာနီ။ဒတ်လိုင်းကြောင့် အချိန်မရှိပါဘူးဆိုကာမှ ငွေသားနှစ်ဆယ့်ငါးသိန်းနဲ့ မဖွင့်တဲ့ဘဏ်မှာငွေအရေးတကြီးသွင်းဖို့ ရောက်ချလာတဲ့ ညီမဖြစ်သူကြောင့် တပူပေါ်နှစ်ပူဆင့်ရ။ဘဏ်မှာ အရေးတကြီးငွေသွင်းရမှာက အမေဖြစ်သူအကောင့်ကနေ ချက်လက်မှတ်အတုလုပ် ထုတ်ထားမိပြီး၊ဘုရားတောင်ဝတ်မပြုတဲ့အမေက မက္ကာမြို့ကြီးဆီ ညီမတတွေ ဘုရားဖူးခရီးစဉ်ထွက်မှာမို့အကောင့်ကနေ ငွေထုတ်ဖို့ ဘဏ်သွားတဲ့အခါ သိသွားမစိုးလို့တဲ့။ဘဏ်မှာငွေသွင်းဖို့ ညီမတတွေအပူတပြင်းကြိုးစားနေချိန် အမေနဲ့အဒေါ်ဖြစ်သူကလည်း အခန်းဆီကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်ချလာပါရော။ဒေလီမြို့ကြီးမှာရှိတဲ့ ဘာနီရဲ့ တိုက်ခန်းလေးဆီကနေ မိသားစုအရှုပ်တော်ပုံအမျိုးမျိုးကိုဟာသနှောလို့ ခံစားကြည့်ရှုကြရမှာပါ။