ဂူသင်္ချိုင်းဖောက်တာတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရတာ ကြိုက်နှစ်သက်တဲ့ သူတွေအတွက် ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင် ဇာတ်လမ်းအကျဥ်းလေးကိုပြောပြရမယ်ဆိုရင်တော့ – “ဂူသင်္ချိုင်းတည်ထားတဲ့ တောင်ပေါ်မှာရှိတဲ့ မိန်းကလေးမာဆိုသူရဲ့ ခေါင်းတလား ဒဏ္ဍာရီဟာ နေရာစုံကို ပြန့်နှံ့လို့နေခဲ့ပါတယ် ဒဏ္ဍာရီရဲ့ပြောကြားချက်တွေအရ ကျောက်စိမ်းခေါင်းအုံးရှိရင် ခေါင်းတလားကိုဖွင့်နိုင်မှာပဲဖြစ်ပါတယ် ခေါင်းတလားအတွင်းမှာ မသေခြင်းနည်းပညာသာမက ရတနာပေါင်းများစွာရှိနေတယ်ဆိုတဲ့အကြောင်းကြောင့် လူတွေဟာ အသက်ကို မဓာနမထားပဲ လောဘကိုပဲ ရှေ့တန်းတင်လာခဲ့ကြပါတော့တယ် အဲဒီအထဲမှာမှ ရိုင်းစိုင်းလှတဲ့ ပြည်နယ်တပ်နဲ့ ဗိုလ်မှုးချုပ်က အပါအဝင်ပါပဲ