Tony ဆိုတာ တစ်ချိန်က မာရင်းတပ်သားဟောင်း တစ်ယောက်ပါ။ အခုချိန်မှာတော့ အတိတ်က စစ်ပွဲတွေကို မေ့ထားပြီး ကားဟောင်းဖျက်သိမ်းရေးစက်ရုံ မှာ အလုပ်လုပ်ရင်း သမီးနှစ်ယောက်နဲ့အေးဆေးနေနေသူအဖြစ်ဘဝကိုဖြတ်သန်းနေပါတယ်။ဒါပေမယ့် ဒီအေးချမ်းမှုက ကြာကြာမခံဘဲသူ့ညီဖြစ်သူ Bobby က မြို့ခံမာဖီးယားခေါင်းဆောင် Dante နဲ့ပြဿနာတက်ပြီး အရှုပ်ထုတ်ကို အိမ်သယ်လာတဲ့အခါမှာတော့ Tony တို့ မိသားစုပါမီးဟပ်ခံရပါတော့တယ်။ ဂိုဏ်းစတားတွေကTony ရဲ့သမီးတွေကိုပါရန်ရှာခြိမ်းခြောက်လာတဲ့အခါမှာတော့Tonyတစ်ယောက်ပေါက်ကွဲပါတော့တယ်။ရဲတွေကလည်း အားကိုးမရ၊ ဥပဒေကလည်း အကာအကွယ်မပေးနိုင်တဲ့အခါ Tony က သူ့နည်းသူ့ဟန်နဲ့ ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူ့ရဲ့ စစ်ရေးစွမ်းရည်တွေနဲ့ ကားစက်ရုံက ပစ္စည်းတွေကို လက်နက်အဖြစ်ပြောင်းပြီး ရက်စက်တဲ့ ဂိုဏ်းစတားတွေကိုဘယ်လိုဆုံးမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဗျာ။