Chainsaw Man - The Movie: Reze Arc HD

Chainsaw Man - The Movie: Reze Arc

Action Fantasy Romance Animation HD 2025-09-19 7.8 100 Min

(Anime ကားဆိုပြီး ကလေးကြည့်မထင်ပါနဲ့နော် R-Rated ဖြစ်တာကြောင့် သတိထားပြီး ကြည့်ရှူစေလိုပါကြောင်း)Katana Man ဖြစ်ရပ်တွေအပြီးမှာ မောင် Denji တစ်ယောက် Gun နတ်ဆိုးကောင်ကို လိုက်ရှာဖို့ ငါးမန်းမိစ္ဆာတစ်ကောင်နဲ့ အတူတူတွဲလုပ်ရမယ်ဆိုပြီး အီးမှန်နေတဲ့အချိန် Makima ကနေ ဒီနွားကလေးတော့ ထိန်းရတော့မယ်ဆိုပြီး သူနဲ့အလုပ်တူတူတွဲလုပ် ငါ နင်နဲ့ ဒိတ်ပေးမယ်ဆိုပြီး အိပ်မက်တွေပေးလိုက်ပြီး တကယ်လည်း ဒိတ်ပေးခဲ့လိုက်ပါတယ်။ အဲဒီမှာ ဘဝတလျှောက် ကြုံခဲ့သမျှ မိန်းကလေးတွေဆို သူ့ကို သတ်ချင်တဲ့လူတွေပဲဖြစ်နေလို့ စိတ်ပျက်နေတဲ့ Denji အတွက် Makima-san လေးကို သူမှလွဲ၍တခြားမရှိဆိုသလို နတ်ဘုရားမအဖြစ် ကိုးကွယ်ချစ်ကြည်နူးနေတဲ့အချိန် မိုးထဲလေထဲတစ်ရက် ဖုန်းရုံလေးထဲ ဝင်ခိုနားတုန်း ကော်ဖီဆိုင်မှာ အလုပ်လုပ်ပြီး ချစ်စဖွယ်အကျင့်စရိုက်လေးနဲ့ Reze ဆိုတဲ့ကောင်မလေးက သူ့ရင်ထဲ ဝင်ရောက်လာတဲ့အချိန်မှာတော့... စကီလေးနှစ်ယောက်နဲ့ ဗျာများတော့မယ့် Denji တစ်ကောင် ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။ဇာတ်လမ်းအစပိုင်း နာရီဝက်လောက် ဇာတ်လမ်းကိုပျိုးနေလို့ စကားပြောခန်းတွေနဲ့ Romance ဆန်ဆန်လေး ခံစားရမယ်ဆိုပေမဲ့ ပြီးသွားတာနဲ့ ဇာတ်ကားပြီးတဲ့ထိ တောက်လျှောက်ရှယ်ကြုံးရှယ်ဖိုက်တာကို အသက်ရှုဖို့မေ့ရလောက်အောင်ပါ ကြည့်ရမှာပါ။ Rating တွေလည်းရှယ်ပဲ.... နောက်ပြီး Chainsaw Man ဆိုတော့ တအားလည်း ညွန်းမနေချင်တော့ဘူး၊ ရုံမှာ မကြည့်ခဲ့လိုက်ရဘူးဆိုရင်တော့ သူများထက်ဦးအောင်အပြေးသာကြည့်လိုက်ကြပါတော့လို့...။