Pose HD

Pose

Thriller HD 2025-11-12 7.25 77 Min

ဇာတ်လမ်းကတော့ စနေတနင်္ဂနွေအားလပ်ရက်မှာ အပန်းဖြေအိမ်တစ်လုံးမှာ နှစ်ယောက်တည်းလွတ်လွတ်လပ်လပ်နေဖို့ ကောင်မလေးဖြစ်သူအဆိုတော်ရဲ့ အယ်လ်ဘမ်ကာဗာအတွက် ဓာတ်ပုံရိုက်ဖို့၊ စိတ်ကူးကွန့်မြူးဖို့ထွက်လာတဲ့စုံတွဲတစ်တွဲ၊ သူတို့အပန်းဖြေရမယ့်အိမ်မှာ အိမ်ကြီးရှင်တစ်ဖြစ်လဲ အကျော်ဒေယျဓာတ်ပုံဆရာကြီး သောမတ်စ် (James McAvoy)နဲ့သူ့ကောင်မလေးက ရောက်နှင့်နေပါတယ်။အဲ့ဒီလိုနဲ့အချင်းချင်း စကားတွေပြောကြ၊ အယူအဆတွေဖလှယ်ကြရင်း ဂုဏ်သိက္ခာတွေ၊ မာနတွေ၊ ခံစားချက်တွေ ပွတ်တိုက်မိကြပုံပါပဲ။ Experimental film ဖြစ်တဲ့အတွက် သမားရိုးကျဇာတ်ကားတွေရဲ့တင်ဆက်ပုံနဲ့တော့ကွဲထွက်နေမှာပါ။ ကင်မရာမြင်ကွင်းတွေရုတ်တရက်ပြောင်းလဲသွားတာမျိုး၊ စကားပြောနောက်ကျတာ၊ အသံထွက်နဲ့မကိုက်တာ၊ ကင်မရာမြင်ကွင်းမှာစကားပြောသူကိုမတွေ့ရတာ၊  ဖိုးကပ်စ်အောက်နေတာမျိုးတွေကစလို့၊နားလည်ရခက်တဲ့ ဇာတ်လမ်းသွား သရုပ်ဆောင်ချက်တွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ကိုယ်တိုင်ခံစားသက်ဝင်ကြည့်ရမယ့် ဇာတ်ကားမျိုးဖြစ်ပါတယ်။