How to Make a Werewolf HD

How to Make a Werewolf

Action Drama Horror HD 2024-08-25 1 137 Min

အတ္တလန္တာမြို့ဟာ တစ်ချိန်တုန်းက လျှို့ဝှက်အဖွဲ့အစည်းတွေပြည့်နှက်နေတဲ့မြို့ပါ။ စုန်းမပေါင်းများစွာစုဝေးနေတဲ့ စုန်းသိုက်၊ မှောင်ရိပ်ကိုခိုပြီး လူသွေးသောက်သုံးနေတဲ့ သွေးစုတ်ဖုတ်ကောင်အဖွဲ့၊ ဒါ့အပြင် အစွန်းရောက်နေတဲ့ မှော်ဝိဇ္ဇာအဖွဲ့တွေပါရှိနေပါသေးတယ်။ ဒီအဖွဲ့တွေဟာ မြို့မှာဘယ်လောက်ထိတွယ်ကပ်နေလဲဆိုရင် ဒီအဖွဲ့အစည်းတွေကြားထဲ သွေးနှောပြီးပေါက်ဖွားလာကြတဲ့ စုန်းဝိဇ္ဇာကပြား စုန်းသွေးစုတ်ဖုတ်ကောင်ကပြားတွေပါရှိနေကြတာပါ။ ဒီအဖွဲ့တွေကြားထဲမှာ စုန်းမအဖွဲ့ဟာ တစ်ချိန်ကကြီးစိုးခဲ့ပေမယ့် မျိုးဆက်သစ်တွေကို သေချာမွေးမထုတ်ပေးနိုင်တာကတစ်ကြောင်း၊ အတွင်းလူအချင်းချင်းမညီညွတ်တာကတစ်ကြောင်းနဲ့အတွင်းပိုင်းမှာ ဂယက်ထနေကြတာပါ။ ဒီလိုနဲ့ ငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့အစည်းသုံးခုဟာ ပြန်ပြီးစစ်ဖြစ်ကြဖို့ တဖြည်းဖြည်းနဲ့ အကြောင်းဖန်လာကြပါတယ်။ တစ်နေ့မှာ အပယ်ခံစုန်းမတစ်ယောက်ဖြစ်တဲ့ စုန်းမအဖွဲ့ခေါင်းဆောင်ရဲ့ သမီးဖြစ်သူဟာ သူ့ကိုအပယ်ခံထားတဲ့သူတွေကို လက်စားချေဖို့ဆိုပြီး ရှေ့ဟောင်းမိစ္ဆာဖြစ်တဲ့သမန်းဝံပုလွေလူသားတစ်ယောက်ကို ဆင်းခေါ်ဖို့ကြံလာခဲ့ပါတယ်။ ဒီသမန်းဝံပုလွေက ဘယ်လောက်တောင်အားကြီးလဲဆိုရင် တစ်ချိန်တုန်းက စုန်းနဲ့ ဝိဇ္ဇာနေထိုင်ရာတစ်မြို့လုံးကို တစ်ကောင်တည်းဖျက်ဆီးခဲ့တဲ့သတ္တဝါဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်ချိန်က ကမ္ဘာခြားမှာ ချိတ်ပိတ်ခံထားရတဲ့ သတ္တဝါကြီး ဒီလောကကို ဆင့်ခေါ်ခံလိုက်ရတဲ့အခါမှာ ရှိသမျှ သဘာဝလွန်အဖွဲ့တွေအားလုံးကို ဘယ်လိုတုန်လှုပ်အောင်လုပ်သွားလဲဆိုတာ ဒီဇာတ်ကားထဲမှာမြင်တွေ့ရမှာပဲဖြစ်ပါတယ်။