Stream HD

Stream

Action Horror Thriller HD 2024-08-21 5.6 123 Min

ကီနန်မိသားစုမှာ သားဖြစ်သူနဲ့ သမီးဖြစ်သူက ဆယ်ကျော်သက်အရွယ်ရောက်လာပြီး ဖုန်းတွေ ဂိမ်းတွေ စွဲလာကြတဲ့အတွက် သူတို့မိသားစုလေးက အရင်လို သိုက်သိုက်ဝန်းဝန်းမရှိတော့ပဲသူ့အခန်း ကိုယ့်အခန်းမှာ ဖုန်းကိုယ်စီနဲ့ တကွဲတပြားဖြစ်လာပါတော့တယ်။ ဒါကို လက်မခံနိုင်တဲ့ ကီနန်တို့လင်မယားဟာ သားနဲ့ သမီးကို ခေါ်ပြီး အပန်းဖြေခရီးထွက်ကာ ဒီခရီးမှာ အရင်လို သံယောဇဉ်တိုးပြီး ပျော်ပျော်ရွှင်ရွှင် ပြန်ဖြစ်လာအောင်ကြိုးစားကြပါတော့တယ်။ ဒီလိုနဲ့ သူတို့တည်းရမဲ့ဟိုတယ်ရောက်သွားတဲ့အခါ ဟိုတယ်က ပြုပြင်ထိန်းသိမ်းရေးလုပ်နေလို့ ဝိုင်ဖိုင်မရသေးဘူးလို့ဆိုပါတယ်။ ဒါ့အပြင် ဟိုတယ်ရဲ့ နေရာတိုင်းမှာ ကွာလတီအကောင်းစား စီစီတီဗွီကင်မရာတွေကို တပ်ဆင်နေတာကို တွေ့လိုက်ရပါတယ်။ သူတို့မိသားစုကတော့ အင်တာနက်မရလေ မိသားစုချင်း အချိန်ကုန်ဆုံးလို့ကောင်းလေလေလို့ မှတ်ပြီး စိတ်ထဲ အထွေအထူးမတွေးခဲ့ပါဘူး။ ဒီလိုနဲ့ ညဘက်မှာ ဆယ်ကျော်သက်သမီးကြီးက အခန်းပြင်ခိုးထွက်ပြီး ဟိုတယ်ဧည့်ခန်းမှာ တွေ့ခဲ့တဲ့ ဘဲတစ်ယောက်နဲ့ သွားတွေ့ပါတော့တယ်။ ဒါကိုသိသွားတဲ့ အဖေဖြစ်သူက လိုက်ရှာတဲ့အချိန်မှာ ဟိုတယ်တစ်ခုလုံးရဲ့ တံခါးနဲ့ ထွက်ပေါက်တွေက သော့ခတ်ထားပြီး ဝန်ထမ်းတွေ အကုန်ပျောက်နေတာကို ထူးဆန်းစွာတွေ့လိုက်ရပါတော့တယ်။ ဒီတော့ ဒီဟိုတယ်မှာ တကယ်တမ်း ဘာတွေဖြစ်နေတာလဲဆိုတာကို ရင်ဖိုစိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။