နီကိုလပ်စ်လို့ခေါ်တဲ့ သူဟာစိတ်တူကိုယ်တိုမိန်းမရယ်ကလေး၂ယောက်နဲ့ချစ်စရာမိသားစုလေးကိုပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပါတစ်နေ့မှာတော့သူဟာဆန်တာကလော့စ်မျိုးဆက်ရဲ့၁၆ဆက်မြောက်အဖြစ်ရွေးချယ်ခံလိုက်ရပြီးနောက် မှော်ကမ္ဘာရဲ့စည်းမျဥ်းအရ ဆန်တာကလော့စ်ဟာမိန်းမယူလို့မရတာမလို့သူတို့မိသားစုလေးဟာ သာမန်ဘဝနဲ့မနေရတော့ဘဲသိုသိုသိပ်သိပ်နေခဲ့ရပြီးသူ့မိန်းမကလည်းဆန်တာကလော့စ်ရဲ့အကြီးအကဲအထောက်အကူအဖြစ်နေရာယူလိုက်ရပါတော့တယ်။ ဒီလိုနဲ့နီကိုလပ်စ်ဟာ သူ့အခုဘဝအခြေအနေကိုမေးခွန်းပြန်ထုတ်လာပြီးအရင်ကမိသားစုဘဝကိုလွမ်းလာတာမလို့ ဘဝရဲ့အဓိပ္ပာယ်ကိုရှာဖွေဖို့အတွက်အပန်းဖြေခရီးထွက်သွားပါတော့တယ်။သူထွက်သွားတဲ့အချိန်ကခရစ္စမတ်နဲ့တော်တော်လေးနီးကပ်နေတဲ့အချိန်ဖြစ်တာမလို့ နောက်မှာကျန်နေခဲ့တဲ့သူ့မိန်းမအကြီးအကဲအထောက်အကူလည်း သူ့ကလေးတွေရယ်ခရစ္စမတ်အရေးတွေရယ်ကိုဘယ်လိုဖြေရှင်းမလဲဆိုတာကတော့ဆက်လက်ကြည့်ရှုလိုက်ကြပါဗျာ။