Xeno HD

Xeno

Drama Adventure Mystery Science Fiction HD 2025-09-19 5.4 103 Min

ဒီရုပ်ရှင်လေးကတော့ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်နဲ့ ကြောက်စရာဂြိုလ်သားသတ္တဝါတစ်ကောင်ကြားက ဇာတ်လမ်းလေးတစ်ခုကို ပုံဖော်ထားတဲ့ အမေရိကန် Sci-fi ,Thriller,Mystery အမျိုးအစားဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ရန်နေးလို့ခေါ်တဲ့ ဆယ်ကျော်သက် ကောင်မလေးဟာ သူ့ရဲ့ စိတ်ကျရောဂါခံစားနေရတဲ့ မိခင်ဖြစ်သူ လင်ဒါနဲ့ အရက်သောက်ပြီးကြမ်းတမ်းတတ်တဲ့ မိခင်ဖြစ်သူရဲ့ ရည်းစား ချေ့စ် တို့ရဲ့ဖိအားပေးမှုများအောက်တွင် နေထိုင်နေရသူပဲဖြစ်ပါတယ်။တစ်ညမှာတော့ သူဟာ ကန္တာရထဲကို စိတ်ပြေလက်ပျောက်ထွက်လာရင်း ဂြိုလ်သားသတ္တဝါတစ်ကောင် ထောက်ချောက်ထဲမှာ ပိတ်မိနေတာကို မမျှော်လင့်ပဲ တွေ့ရှိခဲ့ပါတယ်။ ထိုသတ္တဝါကိုရန်နေးတစ်ယောက် သူ့ရဲ့စိတ်ထားကြောင့် ထောင်ချောက်မှလွတ်မြောက်အောင်ကူညီပေးခဲ့ပါတယ်။အဲဒီနောက်မှာတော့ ဒီသတ္တဝါကြီးနဲ့ ရန်နေးတို့ရဲ့ကြားထဲနှာ နှောင်ကြိုးလေးတစ်ခု ဖြစ်ပေါ်လာပါတော့တယ်။ရန်နေးတစ်ယောက် ထိုဂြိုလ်သားသတ္တဝါကြီးကို  သူ့ရဲ့အိမ်မြေအောက် ခန်းထဲမှာ ဖွက်ထားရင်း ဘယ်သူ့မှ မသိအောင်ကြိုးပမ်းပုံတွေ သူတို့နှစ်ယောက်ကြားထဲက ခင်မင်မှုတွေ တစ်ယောက်ကို တစ်ယောက်ကာကွယ်ပေးပုံတွေကို စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။