Take Me to Hell HD

Take Me to Hell

Horror Thriller HD 2025-07-31 3.5 105 Min

လီနာဟာကျောင်းတက်နေတဲ့ သူ့အစ်ကိုနဲ့အတူနေဖို့ ဘော်ဒါဆောင်တစ်ခုကိုရောက်ရှိလာခဲ့ပါတယ်။အဆောင်နေခက စျေးသက်သာလှပြီး အဆောင်ပိုင်ရှင်မိသားစုကလည်း သူတို့အပေါ်သားသမီးအရင်းနဲ့မခြား ဂရုစိုက်တဲ့အတွက်ပျော်ရွှင်နေတဲ့ လီနာဟာ ရောက်ရောက်ချင်းညမှာပဲ ထူးခြားနေတဲ့အခြေအနေတွေကို သတိထားမိခဲ့ပါတယ်။သူတို့နဲ့အတူ တစ်ရက်တည်းရောက်လာတဲ့ ဘော်ဘီဆိုတဲ့ ကျောင်းသားလေးတစ်ယောက်က ငှက်ပျောခင်းထဲမှာ သရဲတွေရှိတယ်ဆိုပြီး အဆောင်ကနေပြောင်းပြေးတဲ့အချိန်မှာတော့အဆောင်တစ်ခုလုံးမှာ ခြောက်ခြားစရာကိစ္စတွေဆက်တိုက်ဖြစ်ပေါ်လာပါတော့တယ်။