မြင်းသည်တော်လေးဦးဟာ အဖွဲ့ကွဲပြီးနောက် တစ်ယောက်နဲ့တစ်ယောက်ပါ မတည့်ကြတော့ဘဲ ကိုယ့်ဘဝနဲ့ကိုယ် ဖြတ်သန်းနေကြပါပြီ။ အဲဒီအချိန်မှာပဲ သူတို့အယောင်ဆောင်ပြီး သူတို့လုပ်ခဲ့သလို မသမာသူတွေကို မျက်လှည့်နဲ့ ဆုံးမမဲ့ လူငယ်လေးတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီလူငယ်လေးတွေကို အက်လက်စ်က စည်းရုံးပြီး ဒုစရိုက်ခေါင်းဆောင်တွေအတွက် ငွေခဝါချပေးနေတဲ့ ဘီလီယံနာကြီးဆီက စိန်တုံးကြီးကို ခိုးယူဖို့ ကြိုးစားပါတော့တယ်။ ဒါပေမဲ့အဲဒီအစီအစဉ်မှာပဲ The Eye နဲ့ မြင်းသည်တော်ဟောင်းတွေ ပါဝင်လာပြီး အင်အားအရမ်းကြီးတဲ့ ဘီလီယံ ဗရိုနီကာ့ကို ဘယ်လိုတွေ မျက်လှည့်ပြသွားမလဲဆိုတာကို ကြည့်ရမှာပါ။