All About Ah-Long HD

All About Ah-Long

Drama HD 1989-03-16 7.2 95 Min

တရုတ်မင်းသားကြီး Chow Yun Fat ရဲ့ old but gold ဇာတ်ကားဖြစ်တဲ့ All about Ah Long ကို တင်ဆက်ပေးချင်ပါတယ်။ အားလုံဟာ အရင်က professional biker ဖြစ်ခဲ့သူပါ။ ဒါပေမဲ့ သူ မတော်တဆမှုဖြစ်ပြီးကတည်းက ခြေတွေလက်တွေကို စတီးချောင်းထည့်လိုက်ရတဲ့အတွက်အရင်အလုပ်ကိုပြန်မလုပ်နိုင်တော့ဘဲ သားဖြစ်သူ ပေါ့ကီနဲ့ပဲ အတူနေပြီး ဆောက်လုပ်ရေးအလုပ်ကို ကြုံရာကျပန်းဝင်လုပ်ခဲ့ပါတယ်။ သားအဖနှစ်ယောက်တစ်နေ့စာတစ်နေ့ဝင်ငွေထွက်ငွေမျှအောင်လုပ်နေရတဲ့အချိန်မှာ အဖေဖြစ်သူလိုမျိုး ဆိုင်ကယ်စီးကျွမ်းတဲ့ သားဖြစ်သူပေါ့ကီကို အေဂျင်စီတစ်ခုက မျက်စိကျပြီး ပေါ့ကီနဲ့ ကြော်ငြာရိုက်ဖိုကမ်းလှမ်းပါတော့တယ်။ ဒါပေမဲ့ ကမ်းလှမ်းတဲ့သူက အားလုံကို လွန်ခဲ့တဲ့ ၁၀ နှစ်က ဆိုးရွားစွာအဆက်ဖြတ်ခဲ့တဲ့ ရည်းစားဟောင်း ပေါ်ပေါ်ဖြစ်နေတဲ့အခါ  。。。အားလုံတစ်ယောက် အဆက်ဟောင်းနဲ့ ပြန်လည်အဆင်ပြေနိုင်မလား။ သားငယ်လေးနဲ့ရော အဆင်ပြေသွားမလား။ IMDb 7.3/10 နဲ့ RT မှာ 88% တောင်ရရှိထားတဲ့ Romance, dramaဇာတ်လမ်းလေးဖြစ်တာကြောင့် ပိတ်ရက်မှာ ငြိမ့်ငြိမ့်ညောင်းညောင်းကြည့်စရာအနေနဲ့ တင်ဆက်ပေးလိုက်ပါတယ်။