ဒီကားလေးကတော့ သည်းထိတ်ရင်ဖိုစရာ ဇာတ်ကားတစ်ခုဆိုတာထက် ဇာတ်ကောင်ကိုဦးတည်ပြီး ပရိတ်သတ်ကိုဆွဲခေါ်သွားစေမယ့် Emotional-Drama ဆန်ဆန် လျို့ဝှက်သည်းဖိုဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ဇာတ်ကားရဲ့ အဓိက အနှစ်သာရကတော့လျို့ဝှက်ချက်တွေကို အလွှာလိုက်ဖြည်းဖြည်းချင်း ခွာချနေသလိုကို တစ်စိမ့်စိမ့်နဲ့ ကြည့်နေရတဲ့ ခံစားချက်ပဲဖြစ်ပါတယ်။ဇာတ်ကားလေးထဲမှာဆိုရင် ဇနီးတစ်ဖြစ်လဲ အချစ်ခံရ၊ အမေတစ်ယောက်အနေနဲ့လဲ အချစ်ခံရတဲ့ Emma Thorn ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ ထူးဆန်းတဲ့အခြေအနေတွေနဲ့ပျောက်ဆုံးသွားတာကနေ ဇာတ်လမ်းကနေစထားပါတယ်။ သူမရဲ့ ယောကျာ်းဖြစ်သူ Ari နဲ့ Autismအပျော့စားရှိတဲ့ သားဖြစ်သူ Casper တို့က သူ့အမေပျောက်ဆုံးသွားရတဲ့အကြောင်းကိုရဲတပ်ဖွဲ့နဲ့ပါပေါင်းပြီး စုံစမ်းတဲ့ အဖြစ်အပျက်တွေကိုဇာတ်လမ်းငြိမ့်ငြိမ့်လေးနဲ့ စိတ်ဝင်စားစရာကောင်းအောင်တင်ဆက်ထားတာပဲဖြစ်ပါတယ်။အဓိက ဇာတ်လိုက်က ပျောက်ဆုံးနေသူ Emma ကိုယ်တိုင်ပဲဖြစ်ပြီးတော့ သူမရဲ့ ပျောက်ဆုံးမှုကို ပူဆွေးကြမယ့် လူတွေရဲ့ စိတ်ခံစားမှုတွေ၊သံသယတွေ၊ မသင်္ကာမှုတွေနဲ့အတူ ပရိတ်သတ်ကိုပါဇာတ်လမ်းထဲ စီးမျောခွင့်ပေးတဲ့ဇာတ်ကားတစ်ကားလို့ပြောလို့ရပါတယ်။ တကယ်လို့ ကိုယ်က Slow Burn Mystery ရုပ်ရှင်တွေကို ကြည့်ပြီး ငြိမ့်ငြိမ့်လေးနဲ့ ဇာတ်လမ်းရဲ့ လျို့ဝှက်မှုတွေကို ဖော်ထုတ်ချင်တယ်ဆိုရင်တော့ ဒီညမှာ ဒီကားလေးကိုကြည့်ဖို့အကြုံပြုချင်ပါတယ်။