လူတိုင်းရဲ့ ဘဝမှာ မိခင်ဆိုတာ မရှမဖြစ်ဖြစ်သလို မိခင်တွေအတွက် သားသမီးဆိုတာကရော?မန်ဝယ်လာဟာ သားဖြစ်သူ အက်စ်တဲဘန်ကို တစ်ယောက်တည်း ပြုစုပျိုးထောင်လာခဲ့သူပါ သူ့ရဲ့ ခင်ပွန်းဖြစ်သူနဲ့ အတိတ်ကို သားဆီကနေ ဖုံးကွယ်ထားပြီးတစ်ယောက်တည်း ရသမျှအလုပ်ကို လုပ်ပြီး ရှာဖွေကျွေးမွေးလာခဲ့တာပါ ဒီလိုနဲ့ သားဖြစ်တဲ့ အက်စ်တဲဘန်က အရွယ်ရောက်လာတဲ့အခါစာရေးဆရာဖြစ်ချင်ပြီး သားအမိနှစ်ယောက်လုံးကပြဇာတ်တွေကို ခုန်မင်ကြပါတယ်ဒီလိုနဲ့ အက်စ်တဲဘန်ရဲ့ ၁၇ နှစ်ပြည့်မွေးနေ့မှာပြဇာတ်ကြည့်ရင်း ပြဇာတ်မင်းသမီးရဲ့လက်မှတ်တောင်းဖို့ အက်စ်တဲဘန်တစ်ယောက် ပြေးလိုက်ရင်း ကားတိုက်ခံလိုက်ရပါတယ် ပင်ပန်းလှတဲ့ မန်ဝယ်လာရဲ့ ဘဝမှာဘယ်လို အခက်အခဲတွေ ထပ်ဖြစ်သွားမလဲ သူ့ရဲ့ နောက်ကြောင်းရာဇဝင်ကရောဘာတွေဖြစ်မလဲဆိုတာ ကြည့်ရှုလိုက်ကြရအောင်