Fairyland FHD

Fairyland

Drama FHD 2025-10-03 5.7 116 Min

၁၉၇၃ခုနှစ်မှာ ကားမတော်တဆမှုကြောင့် မိခင်ဖြစ်သူကွယ်လွန်သွားပြီးနောက် အလီရှာ နှင့်သူမ၏လိင်တူချစ်သူဖခင် စတိဗ် တို့ဟာဆန်ဖရန်စစ္စကိုမြို့ကိုပြောင်းရွေ့လာခဲ့ကြပါတယ်။ စတိဗ် ဟာ ကဗျာစာရေးဆရာဖြစ်ပြီး သူ့ရဲ့ ဇနီးကွယ်လွန်ပြီးနောက် သူ့ရဲ့ဖြစ်တည်မှုအတိုင်းရှင်သန်ပြီး သူ့ရဲ့သမီးလေးကိုပျိုးထောင်ရင်းလွတ်လပ်ပွင့်လင်းစွာနေထိုင်ခဲ့ပါတယ်။ သူ့ရဲ့ လွတ်လပ်ပေါ့ပါးတဲ့ လူနေမှုပုံစံကြောင့် သူ့သမီးနဲ့သူ့ကြားမှာ ပဋိပက္ခ ဖြစ်ခဲ့ရပြီး အလီရှာဟာ တက္ကသိုလ်တက်ဖို့ နယူးယောက်ကိုထွက်သွားပါတော့တယ်။အလီရှာဟာ အနုပညာရှင်၊ စာရေးဆရာ တွေနဲ့ပြည့်နှက်နေတဲ့လောကမှာလည်းကျင်လည်ခဲ့ရပုံ သူမ၏ ဖခင်အပါအဝင်အခြားသောပတ်ဝန်းကျင်ကသူတွေကို သေဆုံးစေခဲ့တဲ့ AIDS ရောဂါကိုလည်းမျက်မြင်တွေ့ရှိခဲ့ရပုံတွေ ဘယ်လိုပဋိပက္ခတွေပဲဖြစ်ထားဖြစ်ထား ဖခင်သေဆုံးခါနီး အနားမှာပြုစုပေးရင်း ဖခင်နဲ့သမီးကြားက သံယောဇဥ်လိင်တူချစ်သူဖခင်တစ်ယောက်အနေနဲ့ ဇနီးကွယ်လွန်ပြီးနောက် သမီးအပေါ်ဘယ်လိုမေတ္တာတွေထားရှိခဲ့ပုံတွေကို ကြည့်ရှုခံစားလိုက်ပါ။