BRAT HD

BRAT

Action Comedy Thriller HD 2025-10-31 4 155 Min

အသစ်ထွက်ထားတဲ့ ကန်နာဒါစကားပြော ဇာတ်လမ်းဆန်းဆန်းရုပ်ရှင်တစ်ပုဒ်ကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ခရစ္စတီဟာ ငယ်စဉ်ကတည်းက စွန့်စားရတာကိုကြိုက်တဲ့ လးငယ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ သူစွန့်စားတာက စိတ်နဲ့စွန့်စားပြီး ဦးနှောက်နဲ့တွက်ချက်ကာ လောင်းကစားလုပ်တာမျိုးပါ။သူ့အဖေကတော့ သိပ်ကိုရိုးသားတဲ့ ရဲတစ်ယောက်ဖြစ်ပြီး ခရစ္စတီ့ကိုလည်းပြင်းပြင်းထန်ထန်ဆုံးမတာကြောင့်ခရစ်စတီဟာ လောင်းကစားကိုစွန့်လွှတ်ပြီး သူ့အဖေစိတ်တိုင်းကျ ဘဝကိုရှင်သန်လာခဲ့ပါတယ်။အဲဒီလို မကောင်းတာမလုပ်ဘဲ ရိုးရိုးသားသား နေလာရင်း အသက် ၂၇ ထိ အတည်တကျအလုပ်မရှိ၊ ရည်းစားကပစ်၊ လိုချင်စားချင်တာတွေ မဝယ်နိုင်မစားနိုင်ဖြစ်ပြီး သည်းမခံနိုင်တဲ့နေ့မှာတော့ သူ့ရဲ့ လောင်းကစားပါရမီကိုပြန်အသုံးချပြီး ငွေရှာဖို့ကြိုးစားပါတော့တယ်။ဒါပေမဲ့ သူ့ရဲ့လောဘနဲ့ သူ့အဖေရဲ့ ကျင့်ဝတ်စည်းမျဉ်းတွေ သူ့စိတ်ထဲမှာ အပြိုင်အဆိုင်ဖြစ်လာတဲ့အခါမှာတော့...။လူမသိသူမသိဉာဏ်ကြီးရှင်တစ်ယောက်ရဲ့ လောဘနဲ့ ကျင့်ဝတ်ကြားက အားပြိုင်မှုတွေကို ဒီရုပ်ရှင်ထဲမှာမြင်တွေ့ကြရမှာပါ...။