I'm Haunted 3 HD

I'm Haunted 3

Horror HD 2024-10-15 6 81 Min

ဒီရုပ်ရှင်ကားဟာ Horror/Mystery အမျိုးအစား ရုပ်ရှင်ဖြစ်ပြီး အဓိကဇာတ်ဆောင် Willow ဆိုတဲ့ အမျိုးသမီးရဲ့ ကင်မရာကနေ တစ်ဆင့်ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းတွေပဲ ဖြစ်ပါတယ်။ ရှေ့မှာ ထွက်ထားပြီးတဲ့ I'm Haunted 2 နဲ့ 3 ထဲက Genesis Bradyနဲ့ Bailey Dawson တို့ရဲ့ ဗီဒီယိုတွေကို ကြည့်ပြီး Willow ဆိုတဲ့ အမျိုးသမီးဟာ သူ့ကိုယ်ပိုင် ရုပ်ရှင် I'm Haunted 3ကိုဆက်လက် ရိုက်ကူးခဲ့ပါတယ်။ ယခု ရုပ်ရှင်ကားထဲမှာ Genesid Brady နဲ့ Bailey Dawson တို့ရဲ့ ထူးဆန်းတဲ့ ပျောက်ဆုံးမှုတွေ၊ သူတို့အနီးအနားက လူတွေရဲ့ သေဆုံးမှုတွေကို Willow တစ်ယောက် အဖြေရှာမှာ ဖြစ်ပါတယ်။ သရဲခြောက်ခံရတဲ့ ဗီဒီယိုတွေရဲ့ အစဟာ Cyr ဆိုတဲ့ နတ်တစ်ပါးရဲ့ ကျိန်စာကြောင့်ဆိုတာ သိလာရပြီးနောက်မှာ ဒီကျိန်စာကို အဆုံးသတ်ဖို့ နည်းလမ်းရှာဖွေပါတော့တယ်။