အရှင်ရှီဝဘုရားကျောင်းရဲ့ မြေအောက်ဘက်မှာ တန်ဖိုးမဖြတ်နိုင်တဲ့ရတနာတွေရှိနေကြောင်းသိရှိသွားတဲ့ လူရမ်းကားတစ်စုဟာ ဒီရတနာတွေကိုသိမ်းပိုက်ဖို့ အကြံမျိုးစုံထုတ်နေပါတယ်…. ဘန်ဂါရာဂျူးနဲ့ နာဂါ့လက်ချမီးတို့နှစ်ယောက်ကတော့ကံကြမ္မာဇာတာခွင်အရ အရှင်ရှီဝနဲ့ ပါဗသီတို့ရဲ့ဇာတာခွင်နဲ့ကိုက်ညီစွာမွေးဖွားလာခဲ့သူတွေပါ သူတို့နှစ်ယောက်သာ ယူဖြစ်သွားရင် ကောင်းချီးတွေပဲပေါကြွယ်ဝမယ်ပေါ့ ဒါပေမယ့် မယူခင်အထိမှာတော့ များစွာတဲ့ ဘေးအန္တရာယ်တွေကို ကျော်ဖြတ်ရမယ့်ဇာတာကလည်းရှိနေပါတယ် ဘန်ဂါရာဂျူးကိုမွေးပြီးပြီးချင်းမှာပဲ မိခင်ဖြစ်သူသေဆုံးသွားခဲ့ပြီး အဖေဟာလည်း ဒီဖြစ်ရပ်ကိုမေ့ပစ်ဖို့အမေရိကန်ကိုထွက်သွားပါတော့တယ် သိပ်မကြာခင်မှာပဲ အဖွားဖြစ်သူပါဆုံးပါးသွားတာကြောင့် ဘုရားသခင်ဆိုတာကိုအယုံအကြည်မရှိတော့တဲ့ရာဂျူးနဲ့…