ဒီဇာတ်ကားလေးကတော့ ကားအက်ဆီးဒင့်ဖြစ်ပြီး မိဘနှစ်ပါးဆုံးရှုးလိုက်ရတဲ့ကောင်မလေးဟာ တစ်ယောက်တည်းနေထိုင်နေတဲ့ အဒေါ်နဲ့အတူနေရမှာဖြစ်ပြီး သူတိုနှစ်ယောက်အတူတူ ဘဝကိုပျော်ရွှင်မှု ၊ ဝမ်းနည်းမှု ၊ အထီးကျန်မှု ၊ မုန်းတီးမှုတွေနဲ့ ဘယ်လိုဖြတ်သန်းသွားမလဲဆိုတာကို ရိုက်ကူးထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းလေးရဲ့ အကြောင်းအရာကတော့ အာဆာတာခူမိဆိုတဲ့ ကောင်မလေးဟာ မိဘနှစ်ပါးဆုံးသွားခဲ့ရပြီး သူ့အဒေါ်ဖြစ်သူ မာကီယိုခိုဒိုင်းနဲ့အတူ စနေကြရမှာဖြစ်ပါတယ်။မာကီယိုဟာ ဝတ္ထုစာရေးဆရာမဖြစ်ပြီးတော့ အာဆာကတော့ အလယ်တန်းနှစ်နောက်ဆုံး အထက်တန်းစတက်ရတော့မဲ့ ကောင်မလေးဖြစ်ပါတယ်။မာကီယိုဟာ သူ့ရဲ့အစ်မဖြစ်သူအာဆာရဲ့အမေကိုအလွန်မုန်းတီးကြောင်း အာဆာကိုတော့အတူနေဖိုခေါ်ထားပေမဲ့ အချစ်တွေမမျှဝေပေးနိုင်ကြောင်းနဲ့ အုပ်ထိန်းသူအဖြစ်ပဲရှိနေပေးမယ်လိုပြောလာခဲ့တယ်။အာဆာဟာလည်းအထီးကျန်ပြီး သူ့ရဲ့ကျောင်းတက်နေတုန်းဘဝကို ဘယ်လိုဖြတ်သန်းမလဲ မာကီယိုကရော သူ့အမေကိုဘာလိုဒီလောက်ထိ မုန်းတီးနေရလဲဆိုတာကိုအဖြေရှာရင်း အဒေါ်နဲ့တူမ၂ ယောက်သားဆက်ဆံရေးမှာ အချစ်တွေ ၊ အမုန်းတွေ ၊ အထီးကျန်မှုတွေ ၊ ဝမ်းနည်းမှုတွေနဲ့ ရှေ့လျှောက်ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာကိုတော့.....