ဒီကားလေးကတော့ စပိန်ရဲ့ နိုင်ငံရေးပါတီကြီးတွေကို ဟာသစွက်ပြီး ပါးပါးလေးသရော်ထားတဲ့ ရိုမန့်တစ်ဟာသကားလေးပါ.....ရွေးကောက်ပွဲမဲဆွယ်ကာလမှာ ထိပ်တန်းပါတီကြီးနှစ်ခုဖြစ်တဲ့ လက်ဝဲပါတီနဲ့ လက်ယာပါတီတို့အချင်းချင်း နိုင်ငံရေးအားပြိုင်နေချိန်.... ပါတီချင်းမတူတဲ့ လူငယ်နှစ်ယောက်ဟာမတော်တဆမှုတစ်ခုကိုအတူတူကြုံတွေ့ခဲ့ရပြီးနောက် သူတို့နှစ်ယောက်ကြားမှာ ခံစားချက်တွေဖြစ်လာခဲ့ပေမဲ့... နိုင်ငံရေးဖိအားတွေအသီးသီးနဲ့ ဝါဒမတူတဲ့သူတို့နှစ်ယောက် ခံစားချက်တွေကိုမျိုသိပ်ပြီး အချင်းချင်းထိုးနှက်ရင်း မဲအနိုင်ရဖို့ကြိုးစားရတဲ့အခါ ဘယ်လိုတလွဲတွေဖြစ်လာအုံးမလဲ.....ဆိုတာနိုင်ငံရေးသရော်ဟာသတွေနဲ့အတူကြည့်ရှူရမှာပဲဖြစ်ပါတယ်