Stigmatized Properties: Possession HD

Stigmatized Properties: Possession

Horror HD 2025-07-25 6.8 113 Min

သရဲကားလို့ ကျွန်တော်တို့ခေါ်ကြတဲ့ကားတွေကို မြန်မာလိုကြီး အမျိုးအစားပြန်ခွဲရရင် တကယ်ခြောက်တဲ့ "သရဲကား"လို့‌ ပြောရမယ့် သရဲကားနဲ့ မခြောက်လှဘဲ ပရလောကဆိုတာရှိကြောင်းပြထားတဲ့" ပရလောက"ကားရယ်လို့ လည်း ခွဲလို့ ရနိုင်မယ်ထင်တယ်။ ဒီဂျပန်ရုပ်ရှင်က သရဲတွေအကြောင်းနဲ့ သရဲတွေနဲ့မြင်နေကြုံနေရတဲ့လူတစ်ယောက်အကြောင်းကိုရိုက်ပြထားတာ။ ဆိုပေမဲ့ ဒီထဲက သရဲတွေကလည်း အရမ်းမခြောက်နေသလို အန္တရာယ်ပေးတာ ဘာညာလည်း သိပ်မရှိဘူး။ ပြောရရင် ပရလောကကို ပြထားတယ်ပြောရမယ်။မင်းသားက တီဗီသရုပ်ဆောင်ဖြစ်ဖို့ ကြိုးစားနေတဲ့ကောင်လေး။ မမှန်တဲ့ မစို့မပို့ဝင်ငွေနဲ့ လောက်ငှအောင် သူက သူတို့အခေါ် နာမည်ပျက်အဆောက်အဦး ခေါ်  သရဲခြောက်တဲ့အိမ်တွေမှာလိုက်ငှားနေတယ်။ အဲဒီအဆောက်အဦးတွေက ဈေးမတရားသက်သာလို့ပေါ့။ အဲဒီအဆောက်အဦးတွေမှာ လိုက်ပတ်နေရင်း သူက သရဲတွေနဲ့ကြုံလာရတာကို ရိုက်ပြထားတယ်။သရဲကားပေမဲ့ ဒီကားဟာ ဂျပန်က တကယ်ရှိခဲ့တဲ့ သရဲခြောက်တဲ့နေရာတွေကို လှည့်ပတ်နေခဲ့တဲ့သူရဲ့ ဖြစ်ရပ်မှန်လို့လည်း ဆိုပါတယ်။