Time to Hunt HD

Time to Hunt

Action Drama Thriller HD 2020-02-22 7.187 135 Min

စီးပွားပျက်ကပ် ကြုံနေရတဲ့ ကိုးရီးယားနိုင်ငံရဲ့ ခေတ်ပျက်ကြီးထဲမှာ အကုန်လုံးလိုလို ခက်ခဲစွာ ရုန်းကန်နေရတယ်....ဒီလို ရုန်းကန်နေထိုင်နေရတဲ့  ဘဝကြီးထဲကနေ လွတ်မြောက်ဖို့ လူငယ်လေး ၃ ယောက်ကအကြံကြီးတစ်ခုကို အကောင်အထည်ဖော်ပါတော့တယ်...အဲဒါကတော့ နာမည်ကြီး လောင်းကစားရုံကို ဓားပြတိုက်ဖို့ပါပဲ.... ဂျွန်ဆော့ (Lee Je Hoon) ဟာ ထောင်ကလွတ်လာပြီး နိုင်ငံရပ်ခြားဒေသတစ်ခုမှာ ဘဝအသစ်စတင်ဖို့ စီစဉ်ခဲ့တယ်။ ဒီအတွက် လိုအပ်တဲ့ ငွေကြေးရရှိဖို့ သူငယ်ချင်းဖြစ်တဲ့ ဂျန်းဟို(Ahn Jae Hong), ဂီဟွန်း (Choi Woo Shik), ဆန်းဆူ (Park Jeong Min) တို့နဲ့အတူ ရာဇဝတ်မှု ကျူးလွန်ဖို့ ကြံစည်ပြီး နောက်ဆုံးမှာတော့ သူတို့တွေဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်ဦးရဲ့ လိုက်လံဖမ်းဆီးခြင်းကို ခံရပါတော့တယ်။ ဒီလိုနဲ့ အသက်ရှင်သန်ဖို့ ထွက်ပြေးရင်း ဘယ်လိုသည်းထိတ်ရင်ဖို ကိစ္စရပ်တွေ တွေ့ကြုံကြမလဲ ..အဆုံးသတ်မှာ ဘယ်လိုဖြစ်သွားမလဲဆိုတာကို ဒီရုပ်ရှင်မှာ ကြည့်ရှုခံစားနိုင်မှာပဲဖြစ်ပါတယ်။