Dangerous Flowers HD

Dangerous Flowers

Action Comedy HD 2006-01-26 4.2 97 Min

ဒီတစ်ခေါက်ကတော့ 2006က ထွက်ခဲ့တဲ့ ထိုင်း comedy- action ဇာတ်ကားနဲ့မိတ်ဆက်ပေးပါရစေဒီကားဟာ ထိုင်းနိုင်ငံရဲ့ ပထမဆုံးအဆင့်မီ အမျိုးသမီးအဓိကပါဝင်ထားတဲ့ အက်ရှင်ဟာသဇာတ်ကားအဖြစ် သိသိသာသာ လူသိများခဲ့ပါတယ်ဇာတ်လမ်းအကျဥ်းကတော့  ချိုင်လိုင် လို့ခေါ်တဲ့ အထူးတပ်ဖွဲ့မှာ အမျိုးသမီး ၅ ယောက် ပါဝင်ပြီး လူဆိုးဂိုဏ်းတွေကို တိုက်ခိုက်ဖျက်ဆီးတဲ့ မစ်ရှင်တွေကို လက်တွဲလုပ်ကြပါတယ်။တနေ့မှာတော့ သူတို့အဖွဲ့က သမုဒ္ဒရာကို အထောက်အကူပြုနေတဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး အန်ဒမန်သဘာဝပုလဲရဲ့လျှို့ဝှက်ချက်ကိုသိ​နေတဲ့ "မီကီ"ကို ကာကွယ်ပေးရမဲ့ တာဝန်ကျလာပါတော့တယ်။မန်ကွန်ဂိုဏ်းက  "မီကီ"ကို  ဖမ်းခေါ်သွားရာမှ ချိုင်လိုင်အဖွဲ့က "မီကီ"ကို မဖြစ်မနေ လိုက်ကယ်ရပါတော့တယ်ဒီမစ်ရှင်မှာ သူတိုအောင်မြင်မလား ရှုးနိမ့်မလား..."မီကီ" ကို​ရော ကယ်တင်နိုင်ပါ့မလား...သူတိုအတွက် ဘယ်အရာတွေ စတေးခံရမလဲဆိုတာ...အကြမ်းပတမ်းတွေ အမိုက်စားအက်ရှင်ခန်းတွေ ဟာသ​တွေနဲ့အတူ မိန်းကလေး​တွေရဲ့လုပ်နိုင်စွမ်းတွေကို ဖော်ပြထားတဲ့ စွန့်စားမှုအက်ရှင်ဇာတ်လမ်းတစ်ပုဒ်လည်းဖြစ်လို့တူတူဆက်ကြည့်ကြရအောင်ပါရှင်။