အထီးကျန်ဆန်တဲ့ တစ်ခုလပ်အမျိုးသမီး ယွန်းဟီးရဲ့ အကြောင်း နဲ့ ဂျပန်နိုင်ငံ Otaru ဆိုတဲ့ မြို့လေးမှာ တိတ်တိတ်ဆိတ်ဆိတ် ရှင်သန်နေတဲ့ ဂျွန် ဆိုတဲ့ အမျိုးသမီး အကြောင်း ဆိုပြီးတစ်ပြိုင်တည်းဖော်ပြထားတာကို တွေ့ရပါတယ် ။ တစ်ရက်မှာတော့ ဂျွန် ဆိုတဲ့ ကိုးရီးယား-ဂျပန် ကပြားအမျိုးသမီးဆီကနေ ယွန်းဟီး ဆီကို ရေးထားတဲ့စာတစ်စောင်ကို ယွန်းဟီးရဲ့ သမီးဖြစ်သူ ဆယ်ဘုံးက တွေ့သွားပါတော့တယ် ။ ဒီလိုနဲ့ပဲ ဆယ်ဘုံးဟာ အမေဖြစ်သူကို ဆင်ခြေအမျိုးမျိုးပြပြီး Otaru မြို့လေးဆီ ခေါ်သွားရင်း .. ဂျွန်ဆိုတဲ့ အမျိုးသမီးအကြောင်းကိုလည်း စုံစမ်းဖို့ ကြိုးပမ်းခဲ့ပါတယ် ။ နောက်ဆုံးမှာ ဆယ်ဘုံး သိလိုက်ရတာကတော့ ဂျွန်ဟာ တခြားမဟုတ်ဘဲ သူမ မိခင် ယွန်းဟီးရဲ့ ငယ်ချစ်ဦး ဖြစ်နေခဲ့တာပါပဲ ။ ဒီအမျိုးသမီးနှစ်ယောက်ရဲ့ ချစ်ခြင်းကို ဆယ်ဘုံး ဘယ်လိုအဆုံးအဖြတ်ပေးမှာလဲ ။ သူတို့နှစ်ယောက် ပြန်တွေ့အောင် ကြံဆောင်ပေးဦးမှာလား ။ လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းကရော ဂျွန် နဲ့ ယွန်းဟီးတို့ကြားမှာ ဘာတွေဖြစ်ခဲ့တာလဲ ။ ဒီရုပ်ရှင်မှာဆိုရင်တော့ ချစ်ခြင်းတွေ မှန်ကန်ခဲ့ပေမဲ့ ခေတ်ကာလမှား ၊ ပတ်ဝန်းကျင်မှားခဲ့ရတဲ့သူ နှစ်ယောက်ရဲ့ မဆုံသောလမ်းကို ရင်နင့်စွာနဲ့ ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ် ။