Nam-Bok (Sul Kyung Gu)ဟာ သာမန် တောင်ကိုရီးယားလယ်သမားတစ်ဦးဖြစ်ပြီး စစ်မှုထမ်းဆောင်ဖို့ကို ခေါ်ဆောင်ခံခဲ့ရလို့ စစ်တပ်ထဲ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ Nam Bok တို့ တပ်ဖွဲ့ဟာ တိုက်ပွဲကာလအတွင်း ထိပ်တန်းလျှို့ဝှက်စာတစ်စောင်ကို သတ်မှတ်နေရာဆီ အချိန်ရောက်အောင် ပို့ဆောင်ပေးဖို့ တာဝန်ပေးခံခဲ့ရပါတယ်။ တာဝန်ထမ်းဆောင်နေစဉ်မြောက်ကိုရီးယားတပ်ဖွဲ့ရဲ့တိုက်ခိုက်မှုကြောင့် Nam Bokကလွဲပြီး တစ်ဖွဲ့လုံး သေဆုံးခဲ့ပြီး ထိပ်တန်းလျှို့ဝှက်စာလည်း ပျောက်ဆုံးသွားခဲ့ရပါတယ်။Young-Gwang (Yeo Jin-Goo) က တင့်ကားတပ်ဖွဲ့မှာ စစ်ရေးဘာမှမကျွမ်းတဲ့ ကျောင်းသား အငယ်ဆုံးစစ်သားလေး ဖြစ်ပြီးတော့ .. တောင်ပိုင်းကို သွားနေစဉ် တိုက်ခိုက်ခံရကာ သူတစ်ယောက်ပဲ အသက်ရှင်ကျန်ရစ်ခဲ့ပြီး ထိပ်တန်းလျှို့ဝှက်စာကို တွေ့ရှိသွားခဲ့ပါတယ်။ ဒီလိုနဲ့ Nam Bok နဲ့တွေ့သွားပြီး ထိပ်တန်းလျှို့ဝှက်စာအတွက် တိုက်ခိုက်ရင်းနဲ့ပဲ အချိန်ကို ကုန်ဆုံးခဲ့ရပါတယ်။တိုက်ပွဲအလယ်မှာ ရန်သူနဲ့ နှစ်ယောက်တည်း ရှိရာကနေ သူတို့ရဲ့ဆက်ဆံရေးကလည်း ဘယ်လိုတွေ ပြောင်းလဲသွားမလဲ။ ထိပ်တန်းလျှို့ဝှက်စာမှာ ပါတဲ့အကြောင်းအရာက ဘာများဖြစ်မလဲ။ အဲဒီစာကိုလည်း အချိန်မီ သတ်မှတ်ထားတဲ့နေရာကို အရောက်ပို့နိုင်မလားဆိုတာ ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ် ..