Holiday on Four Wheels HD

Holiday on Four Wheels

Comedy HD 2024-04-18 5.375 87 Min

မိသားစုနဲ့အတူ ပေါ့ပေါ့ပါးပါးကြည့်ရှုခံစားလို့ရမယ့် ဆွတ်ပျံ့ကြည်နူးဖွယ်ရာမိသားစုဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။အမေဖြစ်သူ မော်နီကာက ဆိုရှယ်မီဒီယာမှာ ဟင်းချက်ဗီဒီယိုတွေတင်တဲ့ ဘလော့ဂါတစ်ယောက်။အဖေဟွန်ဇာကတော့ ကျောင်းဆရာ။ သူတို့မှာ မနိုင်စိန် မျောက်လောင်းသားနဲ့သမီးလေးနှစ်ယောက်ရှိတယ်။အားလပ်ရက်တွေမှာ မိသားစုလိုက်ခရီးထွက်နေကျဖြစ်ပေမဲ့ ခင်ပွန်းဖြစ်သူက ရေကူးကန်ဘေးမှာပဲမိတ်ဆွေဖြစ်သူနဲ့ ဘီယာသောက်ပြီးအချိန်ဖြုန်းလေ့ရှိတာမို့ မော်နီကာက အားလပ်ရက်ခရီးတွေကိုစိတ်ဝင်တစားသိပ်မရှိလှ။တနေ့တော့ မော်နီကာရဲ့ဖခင်ကွယ်လွန်ပြီး မိုက်လို့နာမည်ပေးထားတဲ့ မိသားစုစီး ခရီးသွားကားတစ်စီးအမွေပေးထားခဲ့ပါတယ်။အဖေဖြစ်သူအမွေချန်ခဲ့တဲ့ ကားကြီးနဲ့ မော်နီကာက ပင်လယ်ကမ်းခြေဆီကို အားလပ်ရက်ခရီးထွက်ဖို့ရာ ဆုံးဖြတ်လိုက်ပြီးတဲ့နောက် မိသားစုလေးယောက်ရဲ့ ပျော်ရွှင်ဖွယ်ရာခရီးစဉ်လေးကို ကြည့်ရှုခံစားကြရမှာပါ။