Faithless HD

Faithless

Drama Romance HD 2000-09-15 6.6 154 Min

ဒီဇာတ်ကားက ဆွီဒင်စကားပြော ဒရာမာဇာတ်ကားဖြစ်ပြီးCannes Film Festivalကြီးရဲ့ အဓိကပြိုင်ပွဲဝင်ဇာတ်ကားတစ်ကားလည်း ဖြစ်ခဲ့ပါတယ်။ ဒီဇာတ်ကားက အချစ်နှင့် အိမ်ထောင်ရေးတို့ကြားက သစ္စာမရှိမှုရဲ့ နောက်ဆက်တွဲပြဿနာတွေက ဘယ်လောက်ထိ ကိုယ့်ဘဝပေါ် များစွာသက်ရောက်‌‌နိုင်ကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။တချို့ကလည်း ဒီဇာတ်ကားက ဒါရိုက်တာကြီး IngmarBergmanရဲ့ ဘဝအတွေ့အကြုံတွေကို အခြေခံထားတာလို့လည်း ပြောကြပါတယ်။ဇာတ်လမ်းအညွှန်းကတော့ အသက်ရလာတဲ့ ဒါရိုက်တာ၊ စာရေးဆရာကြီး Bergmanနဲ့ သူဆုံခဲ့ဖူးတဲ့ သူ့စိတ်ကူးထဲကမာရီယန်လို့ ခေါ်တဲ့ အမျိုးသမီးတစ်ဦး စကားပြောခန်းကအစပြုထားပါတယ်။ ဒီစကားဝိုင်းက မာရီယန်ရဲ့အတိတ်ဇာတ်ကြောင်းကို အသားပေးထားတာပဲ ဖြစ်ပြီး သူမနှင့်ခင်ပွန်းဖြစ်သူ ဂီတပညာရှင် မားကပ်စ်ရဲ့ကြား မိတ်ဆွေဖြစ်သူ ဒေးဗစ်‌ ဝင်ရောက်လာတဲ့နောက် စိတ်ကစားမိပြီးသာယာတဲ့ သူတို့ရဲ့ မိသားစုဘဝလေး ဘယ်‌လောက်ထိပျက်စီးသွားလဲ၊ ဘယ်လောက်ထိ နောင်တနဲ့ အသိတရားရသွားလဲဆိုတာကို ဒရာမဆန်ဆန် အဖော်ချွတ်ခန်းတချို့အပါအဝင် တင်ဆက်ထားတာ ဖြစ်ပါတယ်။