Hit N Fun HD

Hit N Fun

Action Comedy HD 2025-01-28 7.2 108 Min

၂၀၂၅ခုနှစ် ဇန်နဝါရီလမှာ ရုံတင်ခဲ့တဲ့ ဟောင်ကောင်မင်းသားကြီး Louis Koo နဲ့ မင်းသမီးကြီး Gigi Leung တို့ရဲ့လက်ဝှေ့အက်ရှင်ဟာသကားလေးပဲဖြစ်ပါတယ်။တစ်ချိန်က ချန်ပီယံဟောင်း ကျုံးလေဟာ ကျုံးလေလက်ဝှေ့ကလပ်ကို တည်ထောင်ခဲ့ပေမယ့် အခုချိန်မှာတော့ လုပ်ငန်းကအေးစက်နေပြီးတော့ ပိတ်ရလုနီးပါးဖြစ်နေပါတယ်။ သူ့ရဲ့မိန်းမဖြစ်တဲ့သူက တစ်ချိန်တုန်းက နာမည်ကြီးခဲ့တဲ့ မင်းသမီးကြီးမော့ကျားလီကလဲ အနုပညာလောကကနေအနားယူထားတာကြာပြီဖြစ်ပေမယ့် အနုပညာပေါ်ချစ်မြတ်နိုးတဲ့စိတ်နဲ့ အနုပညာလောကထဲကိုပြန်ဝင်ရောက်ဖို့ကြိုးစားပေမယ့် အသက်လတ်ပိုင်းအကျပ်အတည်းနဲ့ကြုံတွေ့နေရပါတယ်။ အဲဒီအချိန်မှာ ကြော်ငြာလောကမှာထက်မြက်တဲ့ လင်ရွှယ်ဟာ သူ့ရဲ့ချစ်သူက လက်ဝှေ့ချန်ပီယံမလေးစွန်းယာယွင်နဲ့ ဖောက်ပြန်နေတာကိုသိလိုက်ရတဲ့အချိန်မှာ စွန်းယာယွင်နဲ့အနိုင်အရှုံးယှဉ်ပြိုင်ဖို့ စိန်ခေါ်ခဲ့ပါတယ်။  လင်ရွှယ်က ကျုံးလေဆီမှာ လက်ဝှေ့လာသင်တဲ့အခါကံမကောင်းတဲ့လက်ဝှေ့ချန်ပီယံနဲ့ ဟောင်းနွမ်းနေတဲ့လက်ဝှေ့ရုံအတွက်မျှော်လင့်ချက်တွေဖြစ်လာမလား.....မင်းသမီးကြီးရဲ့အနုပညာအသိုင်းအဝိုင်းသို့အပြန်လမ်းကရော အောင်မြင်နိုင်ပါ့မလား......လုပ်ငန်းခွင်မှာဘုရင်မတစ်ယောက်ဖြစ်ခဲ့တဲ့ လင်ရွှယ်ရဲ့နယ်ပယ်ကျော်တဲ့ လက်စားချေပွဲကရော အောင်မြင်ပါ့မလား......ဘဝရဲ့ ပြင်းထန်တဲ့ထိုးနှက်ချက်တွေနဲ့ ယာယီစိန်ခေါ်ပွဲတစ်ခု စတင်သွားပါတယ်.....