ဒီကားလေးကတော့ ၂၀၂၅ခုနှစ်မှာထွက်ထားတဲ့ တရုတ် သည်းထိတ်ရင်ဖို ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့တက္ကသိုလ်ကျောင်းသူလေး ပိုင်ကျားယီဟာ ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ လူသတ်မှုတစ်ခုမှာ မတော်တဆ ပါဝင်ပတ်သက်သွားခဲ့မိတယ်ဖော်ပြလို့မရတဲ့ ကြောက်ရွံ့မှုတွေက သူ့ကိုလွှမ်းခြုံနေတဲ့အချိန်မှာ ပိုင်ကျားယီဟာ ကွမ်ရီးနဲ့ တွေ့ဆုံခဲ့တယ်။ သေဆုံးသူ၏ နောက်ကြောင်းရာဇဝင်ကို ဖော်ထုတ်လိုက်နိုင်တဲ့အခါမှာ အခြေအနေအားလုံးဟာ တဖြည်းဖြည်းနဲ့ထိန်းချုပ်မရ ဖြစ်လာခဲ့ပါတယ်ဒါကြောင့် သူတို့နှစ်ဦးဟာ အဲဒီအခြေအနေကနေ လွတ်မြောက်ဖို့အတွက် အရာရာကိုစွန့်စားပြီး ကြံစည်အားထုတ်ခဲ့ရတယ်။ဒါပေမယ့်လဲ ဒီခရီးလမ်းရဲ့အဆုံးမှာတော့ ပြီးပြည့်စုံခြင်းမရှိတဲ့ လွတ်မြောက်ခြင်းတစ်ခု ဖြစ်လာမယ်ဆိုတာ ကြိုတင်သတ်မှတ်ထားပြီးသား ဖြစ်နေခဲ့တယ်......Suspense ဇာတ်လမ်းအမျိုးအစားကြိုက်တဲ့သူတွေအတွက် အဆင်ပြေမယ့် ကားလေးပဲဖြစ်ပါတယ်။