Kumari HD

Kumari

Drama Horror Thriller Mystery HD 2022-10-28 7.333 137 Min

ကူမာရီဟာသာမန်မိန်းကလေးတစ်ယောက်ပါ။အရွယ်ရောက်လာတော့ သူ့အိမ်က လူတွေရဲ့အစီအစဉ်အရကျိန်စာသင့်နယ်မြေက ဆက်ခံသူ ဒရူဗန်နဲ့အိမ်ထောင်ကျခဲ့ပါတယ်။အဲ့နယ်မြေဟာဟိုးအရင်မျိုးဆက်၁၂ဆက်ကတည်းက ရာဇဝင်ဆိုး သမိုင်းဆိုးတွေရှိခဲ့တာပါ။ တချိန်ကအဲ့နယ်မြေရဲ့ အရှင်သော့ပန်ဟာ နတ်တစ်ပိုင်းလူတစ်ပိုင်းဖြစ်တဲ့အီလီမာလာချသန်ရဲ့ အချစ်တော် ကလေးလေးကို သတ်ပစ်ခဲ့မိတဲ့အတွက် နယ်မြေတစ်ခုလုံး ကျိန်စာသင့်ခဲ့ရတာပါ။အဲ့ကျိန်စာကနေ လွတ်မြောက်ဖို့ အရှင်သော့ပန်ဟာနောက်ထပ်မကောင်းတဲ့ဝိဉာဉ်ဆိုးတစ်ခုဖြစ်တဲ့ ဂါရီဒေဗန်ကိုဆင့်ခေါ်ခဲ့ရပါတယ်။ဂါရီဒေဗန်က အဲ့နယ်မြေကို အီလီမာလာချသန်ရဲ့ကျိန်စာကနေ ကာကွယ်ပေးဖို့တစ်ခုတောင်းဆိုခဲ့ပါတယ်။ဂါရီဒေဗန် တောင်းဆိုတာကို အရှင်သော့ပန်က ဖြည့်ဆည်းပေးခဲ့တယ်။အဲ့လိုနဲ့မျိုးဆက်၁၂ဆက်အထိ ကျိန်စာကနေ လွတ်မြောက်ခဲ့တယ်။အခု မျိုးဆက်၁၂ဆက်မြောက်ဒရူဗန့်လက်ထက်မှာ ကျိန်စာဟာ ပြန်လည်ပေါ်ပေါက်လာပြီး ဂါရီဒေဗန်ကို ပြန်လည်ဆင့်ခေါ်ဖို့ဖြစ်လာခဲ့တယ်။ အဲ့အချိန်မှာဂါရီဒေဗန်ရဲ့စည်းမျဉ်းအရ သူ့ကိုဆင့်ခေါ်ချင်ရင် သူတောင်းဆိုတာကို လုပ်ပေးရဖို့ဖြစ်လာတဲ့အခါမှာတော့ အရှင်သော့ပန်လက်ထက်ကတည်းက ဂါရီဒေဗန်က ဘာတွေတောင်းဆိုခဲ့တာလဲ။