လူလေးစားခံရပြီးတာဝန်သိတဲ့ရဲအရာရှိမက်စ်ဘောလစ်စတာဟာတာဝန်ထမ်းဆောင်ရင်းလော့အိန်ဂျယ်လိစ်မြို့(L.A)လမ်းတစ်လမ်းပေါ်မှာပစ်သတ်ခံလိုက်ရပါတယ်လူဆိုးဂိုဏ်းတွေအချင်းချင်း ပစ်ခတ်မှုတွေဖြစ်နေတဲ့ L.Aမှာ မက်စ်ကိုသတ်သွားတဲ့တရားခံကိုရှာတွေ့ဖို့ကမလွယ်ဘူးလို့ သူ့အမှုကိုတာဝန်ယူထားတဲ့စုံထောက်ရှောကပြောပါတယ်။မက်စ်ရဲ့အဖေဆိုင်မွန်ဘောလစ်စတာကတော့ဒါကိုလက်မခံဘဲသူ့နည်းသူ့ဟန်နဲ့စုံစမ်းပြီး လူသတ်သမားကိုလိုက်ရှာပါတယ်။သူ့သားသတ်ခံရတဲ့နေရာနားမှာ အခန်းငှားနေပြီးစုံစမ်းပါတော့တယ်။မက်စ်ရဲ့သတင်းပေးဂယ်ရီမောရစ်ဆင်ဆိုတဲ့လူမည်းကောင်လေးရောက်လာပြီး အခြေအနေတစ်ချို့ကိုပြောပြပေးပါတယ်စုံစမ်းရင်း၊လိုက်ရင်းနဲ့ ရေလိုက်လွဲနေတာနဲ့ သဲလွန်စအသစ်တွေကိုသိလာပါတယ်။ဆိုင်မွန်ရဲ့နောက်ကြောင်းကို တိတိပပမသိရပေမဲ့ ထိပ်ထိပ်ကြဲတိုက်ခိုက်ရေးသမားတစ်ယောက်ဖြစ်ပြီးဂိုဏ်းတွေကြားထဲလာကျယ်ရဲသလိုတစ်ဖက်ကလည်းဆိုင်မွန့်ကိုလက်စဖျောက်ဖို့အသည်းအသန်ကြိုးစားလာပါတယ်။သစ္စာဖောက်တာတွေ လူလည်ကျတာတွေ မူးယစ်ဆေးရောင်းဝယ်တာတွေနဲ့အညှာအတာမရှိသတ်ဖြတ်တာတွေကြားထဲကနေပဲသူ့သားကိုသတ်သွားတဲ့သူကိုဆိုင်မွန်သိသွားတဲ့အခါမထင်ထားတဲ့သူဖြစ်နေပြီး သူဘယ်လိုလက်စားချေမယ်ဆိုတာဆက်ကြည့်ကြပါ။သေနတ်ပစ်ကားတွေသိပ်မကြိုက်တဲ့ကိုယ်တောင်ကြည့်ကောင်းသားပဲလို့မှတ်ချက်ချမိပါတယ်။သူ့သားနဲ့ပတ်သက်ပြီးဆိုင်မွန်ပြောတဲ့စကားလေးတွေကလည်းကဗျာဆန်ပြီးတကယ်ဟတ်ထိပါတယ်။တွေးစရာတွေလည်းရပါတယ်၊ဘာဟတ်ထိလဲသိရအောင် ကြည့်ကြည့်လိုက်ပါ။