မာရီယာဆိုတဲ့ကောင်မလေးဟာ အမှိုက်တွေနဲ့မလိုအပ်တဲ့ ပစ္စည်းတွေကို စုဆောင်းတတ်တဲ့ရောဂါ(Hoarding Disorder) ရှိတဲ့ မိခင်နဲ့ခံစားချက်ခိုင်မာပြင်းထန်တဲ့ရင်းနှီးဆက်နွှယ်မှုတွေရှိလျက်ကြီးပြင်းလာရပြီး မိခင်မတော်တဆဖြစ်တာကြောင့် မွေးစားမိဘတွေနဲ့အတူနေခဲ့ရပါတယ်။ သူဟာ သူ့အမေရှိခဲ့တဲ့Hoarding Disorderကြောင့်နေထိုင်ခဲ့ရတဲ့ဘဝပုံစံကိုမေ့လုနီးပါးဖြစ်ချိန်ဆယ်စုနှစ်အကြာမှာ မိုက်ကယ်ဆိုတဲ့ကောင်လေးဟာသူ့ဘဝထဲကိုဝင်ရောက်လာခဲ့ပါတော့တယ်။မာရီယာနဲ့ မိုက်ကယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်ပြင်းထန်မှုဆက်နွှယ်ခြင်းက သူမရဲ့ စိတ်ဒဏ်ရာတွေကိုပြန်လည်ပေါ်ပေါက်လာစေပြီး သူမရဲ့အမေလိုအမှိုက်တွေနဲ့မလိုအပ်တဲ့ပစ္စည်းတွေကို လိုက်စုဆောင်းပြီး အတိတ်က သူ့အမေနဲ့ ရှိခဲ့တဲ့ ပုံရိပ်တွေကိုပုံဖော်နေမိပါတော့တယ်။သူမအမေဟာ မတော်တဆဖြစ်တုန်းက မသေဆုံးခဲ့ဘဲ ၁၀နှစ်ကြာမှ သေဆုံးသွားတာကို သိလိုက်ရတာကြောင့် အကြီးအကျယ် စိတ်ဒဏ်ရာထပ်ရသွားပြီး မိုက်ကယ်ဟာလဲသူ့ကောင်မလေးကိုယ်ဝန်ရှိနေတာသိလိုက်ရတော့ ပိုဆိုးသွားပါတယ်။ ဒီလိုနဲ့ပဲ နောက်ဆုံးမှာတော့ ဒီစိတ်ဒဏ်ရာတွေကနေ လွတ်မြောက်သွားနိုင်မလားဆိုတာကတော့ ဆက်လက်ကြည့်ရှုခံစားလိုက်ပါဗျာ။