Grieve HD

Grieve

Drama Horror HD 2023-09-28 3 68 Min

Grieve  ၂၀၂၃ ခုနှစ်ထုတ် ရုပ်ရှင်ကားဟာ  Robbie Smith မှ ရေးသားရိုက်ကူးထားပြီး  သရုပ်ဆောင် Joseph Casey၊ Danielle Keaton ၊Madeleine Koestner တို့ပါ၀င်ထားတဲ့ပုဂ္ဂိုလ်ရေးဆုံးရှုံးမှုကို ဖော်ပြထားတဲ့ atmospheric horror drama  ကားတစ်ကားပဲဖြစ်ပါတယ်ဇာတ်ကားဟာဆိုရင် မတော်တဆမှုတစ်ခုမှာ သူချစ်ရသူ Sarah ဆုံးပါးသွားတာကို ရင်ဆိုင်ဖြေရှင်းဖို့ ရုန်းကန်နေရတဲ့ Sam ကို အဓိကထားရိုက်ကူးထားပါတယ်အရမ်းကို၀မ်းနည်းပြီးအထီးကျန်ရလို့ ဘာကိုမှမလုပ်နိုင်လောက်အောင် အသုံးမကျတဲ့အခြေအနေကို ရောက်ရှိသွားတဲ့ Sam ဟာ  မိခင်အကြံပေးချက်အရ New England ဆောင်းရာသီအတွင်း မိသားစုပိုင်တောနက်ထဲကအေးဆေးတည်ငြိမ်တဲ့ တောအိမ်ကိုအပန်းဖြေဖို့ သွားရောက်ခဲ့တယ်တောအိမ်ထဲမှာ Sam ဟာ ထူးဆန်းတဲ့ဖြစ်ရပ်တွေကိုစပြီးကြုံတွေ့လာရတယ်အဲဒီတောထဲမှာသူ့ရဲ့ ဝမ်းနည်းပူဆွေးမှုကို စားသုံးကာသူ့ရဲ့နုနယ်တဲ့စိတ်ကို လိမ်ညာကောက်ကွေ့စေတဲ့ရှေးကျတဲ့သတ္တဝါရှိနေတာကို သူ သတိမထားမိခဲ့ဘူးနောက်ဆုံးမှာ အဲဒီသတ္တဝါရဲ့ လက်ထဲကနေလွတ်မြောက်နိုင်ပါ့မလားဆိုတာ ရင်ခုန်ဖွယ်စောင့်ကြည့်ရမယ့် horror ကားလေးပဲဖြစ်ပါတယ်