The Time That Remains ဆိုတဲ့ ဒီကားလေးက (၂၀၂၅) ခုနှစ်က ထွက်ရှိတဲ့ Dark Fantasy, Dark Romance အမျိုးအစားကားလေး ဖြစ်ပါတယ်။ဒီဇာတ်လမ်းက စိတ်၀င်စားစရာကောင်းတဲ့ အမျိုးသမီးတစ်ဦးရဲ့အကြောင်းပါ။ သူဟာ သူ့ဘဝတစ်လျှောက်လုံး ဖြစ်ပျက်ခဲ့တဲ့ ကြေကွဲစရာ ကိစ္စတွေ၊ သေဆုံးမှုတွေ ဝန်းရံနေတဲ့ကြားထဲကနက်နဲတဲ့၊ အသက်အရွယ်မရွေးတဲ့ Ageless Lover တစ်ဦးနဲ့ ပတ်သက်ခဲ့တဲ့ သူ့ရဲ့ အချစ်ဇာတ်လမ်းဟောင်းကို ပြန်လည်အမှတ်ရနေတာ ဖြစ်ပါတယ်။သူတို့နှစ်ဦးရဲ့ မှောင်မိုက်တဲ့ လျှို့ဝှက်ချက်နောက်ကို Inspector တစ်ဦးက ထပ်ချပ်မကွာ လိုက်နေပါသေးတယ်။ Main character က Nurse တစ်ယောက်ကို ပုံပြင်ပြန်ပြောပြတဲ့ပုံစံလေးနဲ့ရိုက်ပြထားပါတယ်။Dark Romance အရသာနဲ့ Fantasy အငွေ့အသက်တွေ ရောစပ်ထားတဲ့ ဒီကားလေးက သာမန်အချစ်ဇာတ်လမ်းမျိုး မဟုတ်ဘဲ၊ ထူးခြားဆန်းကြယ်တဲ့အချစ်တစ်ခုကို ဘယ်လို ဖုံးကွယ်ရင်းအချိန်တွေကုန်ဆုံးခဲ့ရလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။