My Blind Date with Life HD

My Blind Date with Life

Comedy Drama HD 2017-01-26 7.5 111 Min

ဟိုတယ်တွေကို သိပ်ချစ်တဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ သူ့အိပ်မက်ကတော့ ဟိုတယ်ဝန်ထမ်းဖြစ်ဖို့ပေါ့။ ဟိုတယ်ကြီးတစ်ခုမှာ ဝန်ထမ်းလုပ်ဖို့ဆိုတာလွယ်တဲ့အလုပ်တော့မဟုတ်ဘူး။ စနစ်တွေစည်းကမ်းတွေ အများကြီး သင်ယူပြီး စာမေးပွဲတွေဖြေပြီးမှ အလုပ်ရတယ်။ ဟိုတယ်ရဲ့အဘက်ဘက်က ကိစ္စတွေကိုလည်း ကျွမ်းကျင်ရတယ်။ ဒီလိုခက်ခဲတဲ့ အလုပ်က သူ့အိပ်မက်ဖြစ်ခဲ့ပေမဲ့ ကောင်လေးဟာ မြင်လွှာရဲ့၉၅ရာခိုင်နှုန်းကို ဆုံးရှုံးသွားပြီးအကန်းနီးနီးဖြစ်သွားတယ်။ အမြင်ရှိတယ်ဆိုပေမဲ့ ဘာမှမမြင်ရတော့သလောက်ပါပဲ။ အလင်းကိုမြင်တာတို့ ဘာတို့လောက်ပဲ မြင်ရတယ်။ ဒီလိုအခြေအနေဖြစ်သွားတဲ့ ကောင်လေးဟာ သူ့အိပ်မက်ကို လက်မလျှော့ခဲ့ဘဲ ဟိုတယ်တွေမှာ အလုပ်လျှောက်ခဲ့ပေမဲ့ ကန်းနေလို့ လက်မခံခဲ့ကြဘူး။ နောက်ဆုံး သူကဟိုတယ်ကြီးတစ်ခုမှ သူမျက်စိကန်းနေတာကို ထုတ်မပြောဘဲ အလုပ်သွားလျှောက်ခဲ့တယ်။ ကြိုးစားလေ့ကျင့်ထားတာဆိုတော့ သတိတော့မထားမိခဲ့ကြဘူး။ ဒါပေမဲ့ မျက်စိမမြင်ရတဲ့ ကောင်လေးဟာ ရှုပ်ထွေးလှတဲ့ ဟိုတယ်ရေးရာကိစ္စတွေကို ဘယ်လိုရင်ဆိုင်မလဲ  သူ့ အိပ်မက်တွေကို သူလက်လျှော့လိုက်ရမလားဆိုတာကြည့်ရမှာပါ။