Cross The Battlefield HD

Cross The Battlefield

Comedy HD 2023-07-06 8.3 88 Min

ချန်ကျစ်ဖျင်ဟာ အထက်တန်းကျောင်းတက်နေတဲ့ သားဖြစ်သူ"ချန်ယွီဖေး"ကို ဇနီးဖြစ်သူမပါဘဲ တစ်ဦးတည်း ပျိုးထောင်နေသူဖြစ်ပါတယ်"ချန်ယွီဖေး"ဟာ E-sports ဂိမ်းတွေကို အင်မတန်ဝါသနာပါသူဖြစ်ပြီးအပျော်တမ်းထက် ပရော်ဖက်ရှင်နယ်ကစားသမားဖြစ်ဖို့"မြို့နယ်လူရည်ချွန်ဂိမ်းပြိုင်ပွဲ"ဆိုတဲ့ ပြိုင်ပွဲကြီးမှာ သွားရောက်ယှဉ်ပြိုင်ရန်အားခဲနေပါတော့တယ်၊ဖခင်ဖြစ်သူ "ချန်ကျစ်ဖျင်"ကတော့ ဂိမ်းဟာ ပညာရေးမှာအားနည်းစေတဲ့ပေါ့ပေါ့ပျက်ပျက် အရေးမပါတဲ့အရာလို့ အမြဲသမုတ်နေပါတယ်။ဒီလိုနဲ့ တစ်နေ့မှာ ချန်ယွီဖေးဟာ ပြိုင်ပွဲသွားပြိုင်ဖို့လုပ်နေတာကိုသိရှိသွားတော့အတင်းပိတ်ပင်တားဆီးတဲ့အတွက် ချန်ယွီဖေးဟာ ဖခင်အိမ်မှထွက်လာပါတော့တယ်။အဲ့အချိန်မှာပဲ ဆန်းကြယ်အံ့ဩစွာနဲ့...ချန်ကျစ်ဖျင်ဟာ ချန်ယွီဖေးရဲ့သူငယ်ချင်းဖြစ်သူ ဝမ်ခိုင်ရဲ့ခန္ဓာကိုယ်ထဲကို ထူးဆန်းစွာ ကူးပြောင်းရောက်ရှိသွားတဲ့အခါ....ချန်ယွီဖေးရဲ့ ဂိမ်းပြိုင်ပွဲကို အမြဲအနှောင့်ယှက်ပြုပြီးလက်လျော့သွားအောင် အတန်တန် ကြိုးစားပါတော့တယ်...ဒီလိုနဲ့ ဂိမ်းပြိုင်ပွဲကမ္ဘာမှာ သားအဖနှစ်ယောက် ထိပ်တိုက်တွေ့တဲ့အခါ...ထုံးစံအတိုင်း နောက်ပိုင်းဘယ်လိုတွေဆက်ဖြစ်မလဲ-အဖေနဲ့နှစ်ယောက်ကြားက အထင်လွဲမှုစည်းတံတိုင်းကြီးဟာဘယ်လိုပုံစံနဲ့ ဘာကြောင့်ပြိုလဲသွားမလဲဆိုတာကိုမေးခွန်းထုတ်ထားရင်း ဒီရုပ်ရှင်မှာလိုက်ပါကြည့်ရှုခံစားလိုက်ရအောင်လား