ကမ့်ဘဲလ်ဟာ အလုပ်ကို ပျော်ပျော်ရွှင်ရွှင်လုပ်တတ်တဲ့ ရဲအရာရှိတစ်ဦးဖြစ်ပြီး လူသတ်မှုတွေ စုံစမ်းတဲ့ဌာနမှာ တာဝန်ယူထားပါတယ်။တစ်နေ့မှာတော့ ဂျက်ဆိုတဲ့ တွဲဖက်တစ်ယောက် ရောက်လာပြီး သူနဲ့ ပုံစံ ဘယ်နားမှာမှ မတူပါဘူး။ ပုတီးကြီးတွေ ဆွဲထားပြီး ဘုန်းတော်ကြီးနဲ့ အတော်လေး တူပါတယ်။ဒါပေမဲ့ ဂျက်ဟာ အမှုကြီးတွေကိုပဲ ကိုင်တွယ်လာတဲ့ ရဲအရာရှိတစ်ဦးဖြစ်ပြီး သူတို့နှစ်ယောက် ကွင်းဆက်လူသတ်မှုတစ်ခုကို အတူလိုက်ရဖို့ ဖြစ်လာပါတယ်။ဘာသာရေးဆန်ဆန် ကွင်းဆက်လူသတ်မှုတစ်ခုကိုလိုက်ရင်း အသတ်ခံရသူဟာ ဂျက်ရဲ့ ဇနီးဟောင်းဖြစ်တာကို သိလိုက်ရပါတယ်။ဒါအပြင် ဂျက်ရဲ့လက်ဗွေကလည်း ရှိနေတာကြောင့် ဂျက်ဟာ သံသယရှိ တရားခံဖြစ်လာပြီး ပြည်ထဲရေးဌာနရဲ့ ပစ်မှတ်ဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့ ဂျက်မဟုတ်မှန်း သိနေတဲ့ ကမ့်ဘဲလ်ကတော့ ဂျက်ကို ကူညီဖို့ ဆုံးဖြတ်လိုက်ပြီး သူတို့နှစ်ယောက် အမှုကို ဘယ်နည်းဘယ်ပုံ စုံစမ်းကြမလဲဆိုတာကို ဟာသလေးနှောပြီးစိတ်လွတ်လက်လွတ် ကြည့်ရှုနိုင်ပါတယ်။