Sirāt HD

Sirāt

Drama Thriller HD 2025-06-06 6.889 114 Min

ဇာတ်လမ်းရဲ့ အဓိက ဇာတ်ဆောင်ကတော့ ဖခင်ဖြစ်သူ လူဝစ် နဲ့ သူ့သားတို့နှစ်ယောက် ပျောက်ဆုံးသွားတဲ့  သမီးဖြစ်သူ မာ ကို ရှာဖွေဖို့အတွက် မော်ရိုကို နိုင်ငံတောင်ပိုင်းက လူသူအရောက်အပေါက်နည်းတဲ့  သဲကန္တာရထဲမှာ ပြုလုပ်နေတဲ့ Rave ပါတီပွဲ တစ်ခုဆီကို ရောက်ရှိလာပုံကနေ စပါတယ်။  လွန်ခဲ့တဲ့ လပေါင်းများစွာက ဒီလို အဆုံးမရှိတဲ့ ပါတီပွဲတွေမှာ ပျောက်ဆုံးသွားခဲ့တဲ့ သမီးကို  ပြန်ရှာတွေ့ဖို့ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ဖခင်နဲ့သားဟာ စည်းချက်ကျကျ မြည်ဟည်းနေတဲ့  တေးဂီတတွေကြားမှာ သမီးပုံပါတဲ့ လက်ကမ်းစာစောင်တွေကို လိုက်လံဝေငှနေခဲ့ကြပါတယ်။ နောက်ဆုံးတော့ သူတို့ဟာ နောက်ထပ်ကျင်းပမယ့် ပါတီပွဲတစ်ခုဆီကို ဦးတည်နေတဲ့   လမ်းပျောက်နေတဲ့ လူတစ်စုနဲ့ အတူတူ လိုက်ပါသွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။  သူတို့ရဲ့ရှာဖွေမှု ခရီးစဉ်ဟာ ပူပြင်းခြောက်သွေ့တဲ့ သဲကန္တာရထဲကို ပိုပြီးနက်ရှိုင်းစွာ ရောက်ရှိသွားတဲ့အခါ၊   ထိတ်လန့်စရာ အဖြစ်အပျက်တွေ၊ မမျှော်လင့်တဲ့ အန္တရာယ်တွေနဲ့ ကြုံတွေ့လာရပြီး  လူသားတစ်ဦးရဲ့ စိတ်ပိုင်းဆိုင်ရာ ရုန်းကန်မှု‌ေတွနဲ့ ရင်ဆိုင်ရပါတော့တယ်။ Sirāt ဆိုတဲ့ အမည်က  ငရဲနဲ့ နတ်ပြည်ကို ဆက်သွယ်ထားတဲ့ တံတားလို့ အဓိပ္ပာယ်ရတာမို့၊ ဒီရုပ်ရှင်ဟာ ကြည့်ရှုသူတွေကိုလည်း  ကောင်းတာနဲ့ ဆိုးတာ၊ လက်တွေ့ဘဝနဲ့ လွတ်လပ်မှုတို့ကြားက ပါးလွှာတဲ့ လမ်းကြောင်းပေါ်ကို  ဆွဲခေါ်သွားမယ့် စိတ်လှုပ်ရှားစရာ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်ခင်ဗျာ။