Brooklyn HD

Brooklyn

Drama History Romance HD 2015-10-20 7.309 111 Min

ဒီရုပ်ရှင်ကတော့ ၁၉၅၀ ခုနှစ်တွေကို အခြေပြုပြီးရိုက်ကူးထားတဲ့ အိုင်းရစ်အမျိုးသမီးတစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ အေလစ်ရှ် လေစီဆိုတဲ့ ကောင်မလေးဟာ အိုင်ယာလန်က အန်နစ်စ်စကော့သီဆိုတဲ့မြိုလေးမှာ အမေနဲ့ အစ်မဖြစ်သူနဲ့အတူ နေထိုင်လျက်ရှိပါတယ်...ဒါပေမဲ့ မြိုသေးသေးလေးမှာ အချိန်ပြည့်အလုပ်ရှာမရဘဲ ဘာမှမတိုးတက်ဖြစ်နေတဲ့ အေလစ်ရှ်အတွက် အစ်မဖြစ်သူ ရိုစ်ကနယူးယောက်မြိုမှာနေထိုင်တဲ့ အသိဖြစ်သူ ဘုန်းတော်ကြီးဖလွတ်ဒ်ကို အကူအညီတောင်းပြီး ညီမဖြစ်သူကို နယူးယောက်မှာ အလုပ်တစ်နေရာရစေခဲ့ပါတယ်... အမေနဲ့ အစ်မကို အိမ်မှာထားခဲ့ပြီး ပင်လယ်တစ်ခုခြားဝေးနေတဲ့ မြိုသစ်မှာ ဘဝတစ်ခု စတင်တည်ဆောက်ရတော့မယ့် အေလစ်ရှ်တစ်ယောက်အိမ်ကိုလွမ်းနာကျတဲ့ရောဂါဖြစ်ပြီး အလှကုန်စတိုးဆိုင်မှာ အရောင်းဝန်ထမ်းလုပ်ရတဲ့ အလုပ်သစ်မှာလည်း အသားကျဖို ခက်ခဲနေပါတယ်... အဲဒီလိုကနေ အစ်မဖြစ်သူ ရိုစ်လို စာရင်းရေးပညာရပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုချင်တဲ့ အေလစ်ရှ်ကို ဖာသာဖလွတ်ဒ်က ကူညီပြီးဘရွတ်ကလင်းကောလိပ်မှာ စာရင်းရေးပညာရပ်နဲ့ပတ်သက်ပြီး ညကျောင်းထားပေးပါတော့တယ်...ဒီလိုနဲ့ စာသင်ရင်း အလုပ်လုပ်ရင်း စနေနေ့ညတိုင်း အိုင်းရစ်လူမျိုးတွေပြုလုပ်တဲ့ ကပွဲကနေ တိုနီဆိုတဲ့ အီတလီလူမျိုးကောင်လေးတစ်ယောက်နဲ့တွေ့ပြီး ရင်းနှီးချစ်ကျွမ်းဝင်သွားပါတော့တယ်...  တဖြည်းဖြည်းနဲ့ ဘဝသစ်မှာအသားကျလာတဲ့ အေလစ်ရှ်...အစ်မဖြစ်သူရိုစ် ရုတ်တရက်ဆုံးပါးသွားတာကြောင့် ချစ်သူကိုထားခဲ့ပြီး အမေရှိရာ မွေးရပ်မြေ အိုင်ယာလန်ကို ပြန်လာရတဲ့အခါသူ့ကို ဘယ်လိုပြောင်းလဲမှုတွေက စောင့်ကြိုနေမလဲ... မိသားစုရှိရာ အိုင်ယာလန်မှာပဲ ဆက်နေဖိုဖြစ်သွားမလား...ချစ်ရသူဆီပဲ ပြန်နိုင်မလားဆိုတာကို အေလစ်ရှ်ရဲ့ စိတ်အပြောင်းအလဲတွေပတ်ဝန်းကျင်အခြေအနေတွေနဲ့အတူ ရင်မောစွာ ကြည့်ရှုရမှာဖြစ်ပါတယ်...