ဂရုစိုက်တဲ့ဇနီးသည်၊ ကလေးနှစ်ယောက်၊ ခွေးနှစ်ကောင်နဲ့ ခက်ခက်ခဲခဲ ဝယ်ခဲ့ရတဲ့ အိမ်ကြီးအိမ်ကောင်းတစ်လုံးမှာ ဘဝကိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတဲ့ ယူမန်ဆူ (Lee Byung-Hun) ရဲ့ ဘဝဟာ ၂၅ နှစ်ကျော် အလုပ်လုပ်လာခဲ့တဲ့ စက္ကူကုမ္ပဏီကနေ ရုတ်တရက် အလုပ်ပြုတ်သွားပြီးနောက်မှာတော့ ကမောက်ကမတွေ ဖြစ်လာပါတော့တယ်။ အချိန်အတော်ကြာ အလုပ်ပြန်မဝင်နိုင်တာကြောင့် ငယ်ဘဝရဲ့အမှတ်တရတွေရှိနေတဲ့ အိမ်ကိုလည်းရောင်းရတော့မလို အခြေအနေဖြစ်သွားပြီး မိသားစုဝင်တွေကိုလည်း ကျွေးမွေးဖို့တာဝန်ရှိတဲ့ မန်ဆူတစ်ယောက် အလုပ်ပြန်ရဖို့ရန်အတွက် အနှောက်အယှက်တစ်ခုလိုဖြစ်နေတဲ့ လူတွေကို ရှင်းထုတ်ပစ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီး နောက်မှာတော့.....