Boss HD

Boss

Action Comedy HD 2025-10-03 7 99 Min

အင်ဒယ်ဆူ (Lee Sung-Min) ကတော့ နာ့ဝန်းဟိုတယ်ရဲ့ ကိုယ်စားလှယ်တစ်ဖြစ်လဲ  "မိသားစုဂိုဏ်း"လို့ အမည်ရတဲ့ လူဆိုးဂိုဏ်းရဲ့ ဘော့စ်ပဲဖြစ်ပါတယ်။ တစ်နေ့မှာ အင်ဒယ်ဆူ ရုတ်တရက် ဆုံးပါးသွားပြီး ဂိုဏ်းအတွက် ဘော့စ်အသစ်ကို  ရွေးချယ်ဖို့ လိုအပ်လာပါတော့တယ်။  အင်ဒယ်ဆူရဲ့ နေရာကို ဆက်ခံဖို့အတွက် အလားအလာအရှိဆုံးသူ သုံးဦးကတော့... ကိုယ်ပိုင် တရုတ်စားသောက်ဆိုင်လေးဖြစ်တဲ့ "မီမီရူ" ကို တစ်နိုင်ငံလုံးအနှံ့မှာ  ဆိုင်ခွဲများစွာ ချဲ့ထွင်ဖွင့်လှစ်နိုင်ဖို့ကိုပဲ စိတ်ဝင်စားနေတဲ့ နာဆွန်းထယ် (Jo Woo-Jin)...Tango အကအပေါ် စွဲလမ်းရူးသွပ်နေတဲ့ ဒုံဂန်ဖြို (Jung Kyung-Ho)... သုံးယောက်ထဲမှာ ဘော့စ်နေရာကို ရဖို့ မျှော်မှန်းနေတဲ့ တစ်ဦးတည်းသောသူဖြစ်ပေမဲ့  ဘယ်သူကမှ ဘော့စ်ဖြစ်ဖို့ မသင့်လျော်ဘူးလို့ ယူဆထားတဲ့ ဂျိုဖန်းဟို (Park Ji-Hwan) တို့ပါပဲ။ တစ်ဖက်မှာလည်း မူးယစ်ဆေးအမှုကို စုံစမ်းဖို့အတွက် ရဲအရာရှိ ဟုန်းထယ်ဂယူ (Lee Kyoo-Hyung) ဆိုသူက မီမီရူဆိုင်မှာ ပို့ဆောင်ရေးဝန်ထမ်းအဖြစ် သရုပ်ဖျက်ပြီး ဝင်ရောက်လုပ်ကိုင်လာတဲ့အခါမှာတော့...ဂိုဏ်းရဲ့ အစဉ်အလာကိုပဲ ဆက်ခံမလား... ကိုယ် ဝါသနာပါရာကိုပဲ ရွေးချယ်သွားကြမှာလား... အဆုံးမှာ ဘော့စ်နေရာရဲ့ ပိုင်ရှင်က ဘယ်သူဖြစ်လာမလဲဆိုတာကို ဟာသရော အက်ရှင်ပိုင်းပါမချန်  ရသအစုံအလင်နဲ့ ကြည့်ရှုရမဲ့ ကားကောင်းလေးဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်ရှင်။